နေပြည်တော်ကောင်စီနယ်မြေ

ပုဗ္ဗသီရိမြို့နယ်၌ သမဝါယမအသင်းသားတောင်သူများအား အထွက်တိုးမျိုးစပါးများ ဖြန့်ဖြူးပေးအပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သမဝါယမဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ပုဗ္ဗသီရိမြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့ ပူးပေါင်း၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နိုင်ငံ့တော်ထောက်ပံ့ရန်ပုံငွေ သက်တန့်ရောင်သမဝါယမဖွံ့ဖြိုးမှုစီမံကိန်းတို့မှ မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများအား အထွက်တိုး အောင်နိုင်တိုးမျိုးစပါးများကို တောင်သူများလက်ဝယ်အရောက် ဖြန့်ဖြူးပေးအပ်ခြင်းကို မေလ ၂၆ ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ပျဉ်းမနားမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေး ကွင်းဆင်းကြည့်ရှု

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေး ကွင်းဆင်းကြည့်ရှုခဲ့သည်။

ဇေယျာသီရိမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိမြိူ့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေး

ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများအတွက် ၂၀၂၅ ခုနှစ် စိုက်ပျိုးစရိတ်ချေးငွေကို မေလ ၁၉ ရက်နေ့မှ စတင်၍ ထုတ်ချေးပေးလျက်ရှိရာ ယနေ့တွင် ညောင်ပင်ကြီးစုကျေးရွာနှင့် သစ်တပ်ကျေးရွာမှ တောင်သူများအား ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်လမ်းများ ပြန်လည်ပြုပြင်နေမှု ကြည့်ရှုစစ်ဆေး၊ နေပြည်တော်‌ ကောင်စီဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေး တက်ရောက်

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ရာဇသင်္ဂဟလမ်းမကြီးသို့ သွားရောက်ပြီး ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအား ပြန်လည်ပြုပြင်နေမှုနှင့် လမ်းခင်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် လုပ်ငန်းများ အပိုင်းလိုက် အမြန်ပြီးစီးအောင် ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံ့မှုရှိအောင် စံချိန်၊ စံညွှန်းနှင့်အညီ ဆောင်ရွက်ရေး၊ ပလက်ဖောင်းများ စနစ်တကျပြုပြင်ရေးနှင့် လမ်းမကြီးဘေး သစ်ပင်များ တိုးချဲ့စိုက်ပျိုးရေးတို့ကို မှာကြားခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ် ငလျင်ဘေးသင့်ပြည်သူများ ထောက်ပံ့ပေးအပ်ပွဲ တက်ရောက်၊ မြို့နယ်စိုက်ပျိုးကြီးကြပ်ရေးအဖွဲ့နှင့် တွေ့ဆုံ၊ နွေစပါးစိုက်ခင်းများ ကြည့်ရှု

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း နိုင်ငံတော်မှ ငလျင်ဘေးသင့် ပြည်သူများအား ငွေများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှု မရှိစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများကို ယမန်နေ့က ဇမ္ဗူသီရီမြို့နယ်အတွင်းရှိ UAB camp၊ အ.ထ.က(၁၁)၊ အ.ထ.က (၁၀)၊ အ.ထ.က(၉)၊ အ.ထ.က(၈)၊ အ.ထ.က(၇)၊ အ.မ.က (၃၄) အလျင်လို၊ အ.မ.က (၁၃၈) အောင်ချမ်းသာကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဥတ္တရသီရိမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက အမှတ် (၁၂)၊ အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ်၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ဟန့်တားကာကွယ်ဆေး တတိယအကြိမ်စတင် တိုက်ကျွေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများအား မိုးရာသီတွင် ဖြစ်ပွားတတ်သော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ဟန့်တားကာကွယ်ဆေးအား ယမန်နေ့ နံနက်ပိုင်းက ဆေးတိုက်စုရပ်များဖြစ်သည့် စည်ပင်ဧည့်ရိပ်သာ (၁)၊ စည်ပင်ဧည့်ရိပ်သာ (၂)နှင့် ဇမ္ဗူသီရိမြို့နယ်၊ ကုတင်( ၅၀)ဆံ့ဆေးရုံတွင် တတိယအကြိမ် တိုက်ကျွေးခဲ့ကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ် ကျောင်းကုန်းကျေးရွာ "စိုး အလင်းရောင်" စာကြည့်တိုက် အဆောက်အအုံသစ်ဆောက်လုပ်ရန် ပန္နက်တော်တင်မင်္ဂလာအခမ်းနား ကျင်းပ

မြန်မာနိုင်ငံ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ငွေ ကျပ်သိန်း(၁၅၀)ဖြင့် ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာ၌ "စိုး အလင်းရောင်" စာကြည့်တိုက် အဆောက်အအုံအသစ် တည်ဆောက်ရန်အတွက် ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့က အဆိုပါ စာကြည့်တိုက်ဆောက်လုပ်မည့်မြေနေရာ၌ ကျင်းပသည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ