တပ်ကုန်း နိုဝင်ဘာ ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် မဲဆန္ဒနယ်မြေပြင်ပသို့ သွားရောက်၍ တက္ကသိုလ်/ကောလိပ် တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးခြင်းကို ယနေ့နံနက်ပိုင်းက ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါကြိုတင်ဆန္ဒမဲပေးအပ်ရာတွင် ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာပါတီကိုယ်စားလှယ်များ ရှေ့မှောက်တွင် M ဘုရင့်နောင်ရပ်ကွက်၊ ဆရာစံရပ်ကွက်များအပါဝင် ကျန်ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ မဲဆန္ဒနယ်မြေပြင်ပသို့ သွားရောက်၍ တက္ကသိုလ်/ကောလိပ် တက်ရောက်ပညာသင်ကြမည့် ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးအပ်ကြကြောင်း သိရသည်။
တင်စိုးလွင်