နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးမည့် တောင်သူလယ်သမားများနှင့် တွေ့ဆုံပွဲအခမ်းအနား တက်ရောက်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးမည့် တောင်သူလယ်သမားများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ ကူဆည်စုကျေးရွာအုပ်စု၊ ကျေးစာဥရွာ SMU ခန်းမတွင် ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်၊ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအသင်းအဖွဲ့ဝင်များနှင့် ကျေးလက်နေတောင်သူများ တက်ရောက်ခဲ့ကြသည်။