နေပြည်တော်ကောင်စီနယ်မြေ

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ်၌ ပါဠိပထမပြန် စာအောင်ဆုနှင်းသဘင်အခမ်းအနားသို့ တက်ရောက်

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ယနေ့နံနက်ပိုင်းက နေပြည်တော် ဥတ္တရသီရိမြို့နယ် ဇလောင်းကျေးရွာအုပ်စု ဇလောင်းတောင်ကျေးရွာရှိ ရာဇဓာနီသာမဏေကျော်ကျောင်းတိုက်၌ ကျင်းပသည့် ပါဠိပထမပြန်စာအောင်ဆုနှင်းသဘင်အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ရေစီးရေလာကောင်းမွန်စေရေး ကွင်းဆင်းစစ်ဆေးခြင်းနှင့် လယ်ယာမြေတွင် ခွင့်ပြုမိန့်မရရှိဘဲ ကျူးလွန်ဆောင်ရွက်နေမှုကို စိစစ်ခွဲခြားရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ဥတ္တရသီရိရေလှောင်တမံသို့သွားရောက်ပြီး တမံကြံ့ခိုင်ထိန်းသိမ်းခြင်းလုပ်ငန်းနှင့် ရေထုတ်ပြွန်ပြန်လည်ပြင်ဆင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တမံကြံ့ခိုင်ရေးအတွက် မြေစမ်းသပ်မှု(Soil Test) စနစ်တကျဆောင်ရွက်ရန်၊ ဆည်မှသောက်သုံးရေများ လုံလောက်စွာဖြန့်ဖြူးပေးရန်၊ တမံကြံ့ခိုင်ရေးနှင့် ဘေးအန္တရာယ်ကာကွယ်နိုင်ရေးအတွက် နေ့၊ ညတာဝန်ချထားဆောင်ရွက်ရန် မှာကြားခဲ့သည်။

ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားလာစေရန် ရည်ရွယ်၍  ရုံးစာရေးသားနည်းသင်တန်း ဖွင့်လှစ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်နှင့် မြို့နယ်ရုံးများတွင် တာဝန်ထမ်း‌ဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းသဘောသဘာဝနှင့် ရုံးလုပ်ငန်းတာဝန်များကို သိရှိနားလည်ပြီး မိမိတို့တာဝန်ယူဆောင်ရွက်ရသည့် ရုံးလုပ်ငန်းများကို မှန်ကန်မြန်ဆန်စွာနှင့် ထိရောက်၊ ထက်မြက်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ရုံးစာရေးသားနည်းသင်တန်းကို ယနေ့နံနက်ပိုင်းတွင် ခရိုင်ပြည်သူ့စာကြည့်တိုက်၌ ကျင်းပသည်။

ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ပြည်သူများ ယင်လုံအိမ်သာ ရာနှုန်းပြည့် ဆောက်လုပ်သုံးစွဲရေး လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်

ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ပြည်သူများ ယင်လုံအိမ်သာ ဆောက်လုပ်သုံးစွဲနိုင်ရေးအတွက် အသိပညာပေးခြင်းနှင့် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၁ နာရီက ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော လမ်းများ ပြန်လည်ပြုပြင်နေမှုနှင့် အမှုထမ်းအိမ်ရာများ၊ အပျိုဆောင်၊ လူပျိုဆောင်များ ဆောက်လုပ်နေမှု ကွင်းဆင်းစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့ညနေပိုင်းက တာဝန်ရှိသူများနှင့်အတူ ရာဇဌာနီလမ်းမကြီးနှင့် ရာဇသိင်္ဂဟလမ်းမကြီးများသို့ သွားရောက်ပြီး ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လမ်းပိုင်းများ ပြန်လည်ပြုပြင်နေမှုနှင့် နိုင်လွန်ကတ္တရာလမ်း(AC) ခင်းကျင်းနေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လုပ်ငန်းများ အပိုင်းလိုက်အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ အရည်အသွေးပြည့်မီသော လုပ်ငန်းသုံးပစ္စည်းများ အသုံးပြုရေး၊ တာဝန်ခံအင်ဂျင်နီယာများမှ အမြဲမပြတ်ကြပ်မတ်ဆောင်ရွက်ရေး၊ မြေသားသိပ်သည်းမှုရှိအောင် ဆောင်ရွက်ရေးနှင့် လမ်းခင်းကျောက်များအား သတ်မှတ်အရွယ်အစားအတိုင်း အသုံးပြုရေးတို့ကို မှာကြားခဲ့သည်။

ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်းကျေးရွာအုပ်စု တဲကြီးကုန်းကျေးရွာရှိ နွေစပါး (ထိုင်းနှံကောက်) စိုက်ခင်းအား ကွင်းဆင်းကြည့်ရှုအား‌ပေး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးအောင်ပြည့်စိုးနှင့်တာဝန်ရှိသူများက ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်း ကျေးရွာအုပ်စု တဲကြီးကုန်းကျေးရွာရှိ လယ်ယာဂုဏ်ဆောင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွား‌ရေးလုပ်ငန်းသမဝါယမအသင်းမှအသင်းသားတောင်သူ ဦးကျော်မြင့်ဦး စိုက်ပျိုးထားသည့်နွေစပါး (ထိုင်းနှံကောက်)ဧက၂၀စိုက်ခင်းအားယနေ့နံနက်ပိုင်းက  ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နွေစံပါးပန်းတိုင်အထွက်နှုန်း ရရှိရေးနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများ ကွင်းဆင်းစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ တပ်ကုန်းမြို့ ဗိုလ်မင်းရောင်ရပ်ကွက် ကွင်းအမှတ် (၁၃၁၉) ရှိတောင်သူဦးတင်ထွန်းအောင်၏ ပေါင်းစည်းလယ်ယာတွင် နွေစပါး အောင်နိုင်တိုးဧက ၂၀ စံပြစိုက်ခင်းသို့ သွားရောက်ပြီး တောင်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ၂၀၂၅ခုနှစ် ပါဠိပထမပြန် စာမေးပွဲတွင် သံဃာတော်များနှင့် သီလရှင်များအေးချမ်းစွာ ဖြေဆိုနေမှုအား ဖူးမြော်ကြည်ညို

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို ဒက္ခိဏသီရိမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်၊ မြို့နယ်သံဃနာယက အဖွဲ့ဝင်ဆရာတော်များနှင့် ကြီးကြပ်ရေးဆရာတော်ကြီးများ ကြီးကြပ်ကာ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်၊ ရွှေလက်လှ စေတီတော်မြတ်ကြီးဝန်းအတွင်းရှိ သာသနာလင်္ကာရဗိမာန်၌ ပါဠိပထမပြန် စာမေးပွဲကို ယ‌နေ့မွန်းတည့် (၁၂) နာရီအချိန်က ဆက်လက်ဖြေဆိုရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး သွားရောက်ကြည့်ရှုကြည်ညိုခဲ့ကြောင်း သိရသည်။

လယ်ဝေးမြိုနယ်နှင့် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ သမိုင်းဝင်ဘုရားစေတီများနှင့် သာသနိက အဆောက်အအုံများ ပြန်လည်ပြုပြင်မွမ်းမံခြင်းများ ဆောင်ရွက်

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက လယ်ဝေးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား လာရောက်ကြည့်ရှုစစ်ဆေးကာ ကျောင်းနှင့်ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ ကျောင်းသား/ကျောင်းသူများ စိတ်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေး၊ သွေးလွန်တုပ်ကွေး စသည့် ရောဂါများ မဖြစ်ပွားစေရန် ကြိုတင် ကာကွယ်နိုင်ရေးတို့အတွက် အပတ်စဉ် မပျက်မကွက် ဆောင်ရွက်ရန်မှာကြားခဲ့သည်။

ပုဗ္ဗသီရိမြို့နယ်၌ MSME ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် MSME ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက် ၉ နာရီတွင် ပုဗ္ဗသီရိ‌ဈေး၌ ကျင်းပသည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ