နေပြည်တော်ကောင်စီနယ်မြေ

ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူလက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူလက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်သမဦးစီးဌာနရုံးတွင် အခမဲ့ငှားရမ်းပေးခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မိုးစပါးနှင့် ဆီထွက်သီးနှံများအတွက် သွင်းအားစုများပေးအပ်ပွဲ တက်ရောက်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးစကား ပြောကြား

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လယ်‌ဝေးမြို့နယ်၊ ဝင်တဲကူးကျေးရွာ ရွာဦးကျောင်းတိုက်သို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်အား နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့သည်။

နေပြည်တော်တိုင်းရင်းဆေးရုံကြီးမှ ဇေယျာသီရိမြို့နယ်အတွင်းရှိပြည်သူများအား တိုင်းရင်းဆေးဖြင့် ‌ကျန်းမာရေးစောင့်ရှောက်မှုပေး

နေပြည်တော်တိုင်းရင်းဆေးရုံကြီး ကွင်းဆင်းဆေးကုသရေးအဖွဲ့မှ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျည်တောင်ကျေးရွာအတွင်းမှ ပြည်သူများအား ယမန်နေ့နံနက်ပိုင်းက တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

ဇေယျာသီရိမြို့နယ်၌ ငလျင်ဘေး၊ ရေဘေးအသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်မီးသတ်ဦးစီးဌာနမှ ငလျင်ဘေး၊ ရေဘေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ပြည်စံအောင် အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ပြန်လည်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

စီ၊ ဇမ္ဗူသီရိခန်းမ၌ ၂ဝ၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာပြန်လည်ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ကျင်းပရာ ‌နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

တပ်ကုန်းမြို့နယ်၌ တောင်သူများ စိုက်ပျိုးထုတ်လုပ်မှု ပိုမိုထိရောက်လာစေရန် AI ဉာဏ်ရည်တု နည်းပညာပြန့်ပွားရေးလုပ်ငန်း ဆောင်ရွက်

တောင်သူများအနေဖြင့် ခေတ်မီနည်းပညာများကို လက်လှမ်းမီစေရန် ရည်ရွယ်ပြီး စိုက်ပျိုးထုတ်လုပ်မှုအတွက် အထောက်အကူဖြစ်စေရန် AI ဉာဏ်ရည်တု နည်းပညာ ပြန့်ပွားရေးလုပ်ငန်းများကို  တပ်ကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးမင်းထွန်း ကြီးကြပ်၍ စိုက်ပျိုးရေးနည်းပညာပေးဝန်ထမ်းများက စိုက်ပျိုးစီးပွား အသိပညာပေးစင်တာများ၊ ကျေးရွာဓမ္မာရုံများ၊ ကျေးရွာအစည်းအဝေးခန်းမများ၊ တောင်သူများ၏ ဖုန်းထဲသို့ Software များ ထည့်သွင်းပေးခြင်း၊ အသုံးပြုခြင်းနည်းလမ်းများကို စမ်းသပ်ပြသခြင်းစသည့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ကျေးရွာအုပ်စုပေါင်း ၂၀ အုပ်စု၊ ကျေးရွာပေါင်း ၇၅ ရွာ၊ ဝန်ထမ်း၊ တောင်သူပေါင်း ၆၀၅ ဦးတို့အား AI ဉာဏ်ရည်တုနည်းပညာပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တပ်ကုန်းမြို့နယ်၌ မိုးဝါစိုက်ပျိုးဧက ပြည့်မီရေး တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ပြည့်စိုးသည် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက တပ်ကုန်းမြို့နယ် သမဝါယမအသင်းစု အဆောက်အအုံအတွင်း ဆောင်ရွက်နေသော “လှ” ချည်မျှင်ထုတ်လုပ်ရေး သမဝါယမအသင်း လီမီတက် ဝါကြိတ်စက်၊ ဝါဖိစက်၊ ရက်ကန်းစက်များ လည်ပတ်နေမှု၊ ကုန်ကြမ်းသိုလှောင်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဒက္ခိဏသီရိမြို့နယ်၌ သဘာဝဘေးအသိပညာပေးဟောပြောခြင်းနှင့် ဇတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၌ ငလျင်ဘေး၊ ရေဘေးအသိပညာပေးဟောပြောခြင်းနှင့် ဇတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊  ချင်းတွင်းအထည်ချုပ်စက်ရုံတွင်  ဆောင်ရွက်ခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လမ်းများပြန်လည်ပြုပြင်နေမှု ကွင်းဆင်းစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ်၊ အမှတ် (၂၀) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး၊ အထက်တန်းကျောင်းနှင့် တပ်ကုန်းမြို့နယ်၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး၊ အထက်တန်းကျောင်း (MRTV) ကျောင်းများသို့ သွားရောက်ပြီး ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထုများမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ကျောင်းသားအင်အားပြည့်မီအောင် စည်းရုံးဆောင်ရွက်ရေး၊ ကျောင်းများအတွင်း သန့်ရှင်းသာယာလှပရေးနှင့် ချုံနွယ်များ ရှင်းလင်းဆောင်ရွက်ရေး၊ အမှိုက်များ စနစ်တကျခွဲခြားစွန့်ပစ်နိုင်ရေးအတွက် အန္တရာယ်ရှိ အမှိုက်၊ အမှိုက်အစို၊ အမှိုက်ခြောက်၊ ပလပ်စတစ်အမှိုက်များအား ခွဲခြားစွန့်ပစ်ရန်၊ အမှိုက်ပုံးများအား သတ်မှတ်အ‌‌ရောင်များဖြင့် ထားရှိနိုင်ရေး၊ မြို့/ ရွာများအတွင်း သန့်ရှင်းသာယာလှပရေးနှင့် တစ်ဦးချင်း၊ တစ်အိမ်ချင်းကိုယ်တိုင်သန့်ရှင်းရေးပြုလုပ်သည့်စနစ်ဖြင့် ဆောင်ရွက်နိုင်ရေးတို့ကို မှာကြားသည်။

ပုဗ္ဗသီရိမြို့နယ် တပ်ဖွဲ့ဝင်သား/သမီးများအား ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာသင်စာရေးကိရိယာပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် တပ်ဖွဲ့ဝင်သား/သမီးများအား ပညာသင်စာရေးကိရိယာပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ