နေပြည်တော်ကောင်စီနယ်မြေ

ဇမ္ဗူသီရိမြို့နယ်၌ စားသုံးဆီဈေးနှုန်း တည်ငြိမ်မှုရှိစေရေး စားသုံးဆီရောင်းချသည့် ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်း စားသုံးဆီဈေးနှုန်း တည်ငြိမ်မှုရှိစေရေး စားသုံးဆီရောင်းချသည့် ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။

တပ်ကုန်းမြို့နယ် အခြေခံပညာကျောင်းများတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲများ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်၊ ရွှေမြို့ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၃)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းစာသင်ဆောင်တွင် ကျင်းပခဲ့သည်။

တပ်ကုန်းမြို့နယ်၌ စားသုံးဆီဖူလုံရေး မိုးနေကြာ ၉၂၇ ဧက လျာထားစိုက်ပျိုး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအနေဖြင့် မိသားစုစားဝတ်နေရေးအဆင်ပြေစေရန် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးသီးနှံများဖြစ်သည့် ဖူးစားပြောင်း၊ ပဲတီစိမ်း၊ နှမ်း၊ မြေပဲနှင့် မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက် သီးနှံစုံစိုက်ပျိုးလျက်ရှိရာ စားသုံးဆီဖူလုံရေးနေကြာများကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ဇေယျာသီရိမြို့နယ်၌ စားသုံးဆီဈေးနှုန်းတည်ငြိမ်မှုရှိစေရေး စားသုံးဆီရောင်းချသည့်ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်း စားသုံးဆီဈေးနှုန်းတည်ငြိမ်မှုရှိစေရေးနှင့် ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/မရှိ စားသုံးဆီရောင်းချသည့် ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး နေပြည်တော်ကောင်စီဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၄) အစည်းအဝေးတက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ခရီးသွားလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် စေရေးကို ရည်ရွယ်၍ နေပြည်တော်ကောင်စီဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ (၂/၂၀၂၄) အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ (၁)၌ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်ကောင်စီဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ကော်မတီ အဖွဲ့ဝင်များ၊ ခရီးသွားလုပ်ငန်း တတ်သိပညာရှင်များနှင့် ပုဂ္ဂလိက ခရီးသွားလုပ်ငန်းအဖွဲ့အစည်း ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ပုဗ္ဗသီရိမြို့နယ်၊ တံတားဦးကျေးရွာ၌ အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားထုတ်ပေးခြင်းနှင့် e-ID စနစ် ကောက်ယူခြင်းများ ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာအုပ်စု၊ တံတားဦးကျေးရွာ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားထုတ်ပေးခြင်းနှင့် e-ID စနစ်အတွက် Biographic / Biometric ကောက်ယူခြင်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇေယျာသီရိမြို့နယ်၌ စာပေဖတ်ရှုခြင်းဖြင့် စာပေဝါသနာရှင်များစွာ ပေါ်ထွန်းလာစေရန် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာပေဖတ်ရှုခြင်းဖြင့် စာပေဝါသနာရှင်များစွာ ပေါ်ထွန်းလာစေရန် စာအုပ်စာစောင်ချစ်မြတ်နိုး သူများအသင်း(BookClub)စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဥတ္တရသီရိမြို့နယ်၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဥတ္တရသီရိရပ်ကွက်၊ အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်း၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်း ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။

တပ်ကုန်းမြို့နယ်တွင် မိုးစပါး Seeder စနစ်ဖြင့် အစေ့ချစိုက်ပျိုးရေး အသိပညာပေးဆွေးနွေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ဘုရင့်နောင်ရပ်ကွက်အတွင်း  စပါးစိုက်တောင်သူများ မိုးစပါးစိုက်ပျိုးရာသီတွင် Seeder စနစ်ဖြင့် အစေ့ချစိုက်ပျိုးရေးဆိုင်ရာ တောင်သူအသိပညာပေးဆွေးနွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပခဲ့သည်။

တပ်ကုန်းမြို့နယ် “ရိုးမရတနာ” ကိုယ်ပိုင်မူလတန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် မြဝတီရပ်ကွက်၊ “ရိုးမရတနာ” မူလတန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၃)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျောင်းစာသင်ဆောင်တွင် ကျင်းပခဲ့သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ