နေပြည်တော်ကောင်စီနယ်မြေ

ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်း ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် စာရေးဆရာ သက်လုံ ရေးသားထားသည့် “ဘဝအောင်မြင်ရေး ကျန်းမာပျော်ရွှင်မှုနှင့် စိတ်စွမ်းအင်” စာအုပ်အား စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့နယ်၌ ငရုတ်(စို) ၁၇၃၂ ဧက လျာထားစိုက်ပျိုး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး တောင်သူများအနေဖြင့် မိသားစုစားဝတ်နေရေးအဆင်ပြေစေရန် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးသီးနှံများ ဖြစ်သည့် မိုးချည်မျှင်ရှည်ဝါ၊ ဖူးစားပြောင်း၊ ပဲတီစိမ်း၊ နေကြာ၊ နှမ်း၊ မြေပဲနှင့် မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက်သီးနှံစုံ စိုက်ပျိုးလျက်ရှိရာ ငရုတ်(စို)များကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

တပ်ကုန်းမြို့နယ်၌ အခြေခံတရုတ်စကားပြောသင်တန်း(၂/၂၀၂၄) အခမဲ့သင်တန်းဖွင့်လှစ်

ပြည်ထောင်စုနယ်မြ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဘာသာစကားတစ်ခု တတ်ကျွမ်းစေရန်နှင့် သင်တန်းမစမီအချိန်အတွင်း စာအုပ်စာပေများ ဖတ်ရှုလေ့လာပြီး စာပေဗဟုသုတများရရှိစေရန် ရည်ရွယ်ချက်များဖြင့် အခြေခံတရုတ်စကားပြောသင်တန်း (၂/၂၀၂၄) အခမဲ့သင်တန်းကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ဖွင့်လှစ်၍ စတင်သင်ကြားခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး “ပြည်သူအားလုံးပါဝင်လို့ သန်ခေါင်စာရင်းကောက်ကြစို့” အသိပညာပေးကြေညာဆိုင်းဘုတ် စိုက်ထူခြင်းအခမ်းအနား တက်ရောက်

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမည့်အကြောင်း “ပြည်သူအားလုံးပါဝင်လို့ သန်ခေါင်စာရင်းကောက်ကြစို့” အသိပညာပေးဆိုင်းဘုတ် စိုက်ထူခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းဘေး သိုက်ချောင်းလမ်းဆုံ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တက်ရောက်ဖွင့်လှစ်ခဲ့သည်။

တပ်ကုန်းမြို့နယ် အခြေခံပညာကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာ ပေး ဟောပြောပွဲများ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ထုံးဖိုကျေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၃)လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စုတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး ဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတွင် ကျင်းပခဲ့သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ဦးတင်ထွဋ် တပ်ကုန်းမြို့နယ် နွေစပါးစိုက်တောင်သူများနှင့်တွေ့ဆုံ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဦးတင်ထွဋ်နှင့်တောင်သူများတွေ့ဆုံခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွင်းအမှတ် (၁၃၁၉)၊ တောင်သူဦးတင်ထွန်းအောင်၏ နွေစပါးစိုက်ခင်း၌ ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ‘‘ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်း ကောက်ကြစို့” အသိပညာ ပေး ဆိုင်းဘုတ် (Billboard) စိုက်ထူခြင်းအခမ်းအနားသို့ တက်ရောက်

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူမည့်အကြောင်းပြည်သူများသို့ အသိပညာပေးကြော်ငြာဆိုင်းဘုတ် (Billboard)စိုက်ထူခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်း၊ သိုက်ချောင်းလမ်းဆုံအနီးတွင်ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော် ကောင်စီဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုနယ်မြေ ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရာက်ကြသည်။

ပုဗ္ဗသီရိမြို့နယ် ရွာသစ်ကျေးရွာ အမှတ်(၂၁)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း ၍ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ပုဗ္ဗသီရိမြို့နယ် ရွာသစ်ကျေးရွာ အမှတ်(၂၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ဥတ္တရသီရိမြို့နယ်၌ “စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး”ဟောပြောပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် မင်းကုန်းကျေးရွာအုပ်စု၊ မအူလေးပင်ကျေးရွာ၊ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)တွင် “စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး”ဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျောင်းခန်းမတွင်ကျင်းပခဲ့သည်။

ဥတ္တရသီရိမြို့နယ်၌ စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေး ဆွေးနွေးပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ မအူလေးပင်ကျေးရွာရှိ ပညာ့မဏ္ဍိုင်စာကြည့်တိုက်၌ စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ ဥတ္တရခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊ အဖွဲ့ဝင်(၂) ဦးမျိုးချစ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာကြည့်တိုက်ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ