နေပြည်တော်ကောင်စီနယ်မြေ

နေပြည်တော်၌ ပြည်သူများ မာရဝိဇယဘုရားသို့ လွယ်ကူစွာ သွားရောက်ဖူးမြော်ကြည်ညိုနိုင်ရေးနှင့်  ကျောင်းသား/ကျောင်းသူများ သက်ဆိုင်ရာ တက္ကသိုလ်များ၌ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် တော်ဝင်မော်တော်ယာဉ်လိုင်း (၄)လိုင်းဖြင့် ပြေးဆွဲပေးလျက်ရှိ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ပြည်သူများ သွားလာရေးလွယ်ကူစေရေး၊ ဘုရားဖူးပြည်သူများ မာရဝိဇယဘုရားသို့ လွယ်ကူစွာ သွားရောက်ဖူးမြော်ကြည်ညိုနိုင်ရေးနှင့် ကျောင်းသား/ကျောင်းသူများ သက်ဆိုင်ရာတက္ကသိုလ်များ၌ ပညာသင်ကြားရာတွင် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စွာသွားလာနိုင်ရေးအတွက် EV Bus များဖြင့် ပြေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ အဆိုပါယာဉ်များ မရောက်ရှိသေးချိန်ကာလအတွင်း ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီလီမိတက်၊ တော်ဝင်သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှ  Yutong CB ယာဉ် (၆)စီးဖြင့် မြို့တွင်းလိုင်း (၄)လိုင်းကို ဇူလိုင် ၃ ရက်နေ့မှ စတင်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ်၌ အစေ့ထုတ်ပြောင်း (၄၆၅) ဧကနှင့် ဖူးစားပြောင်း (၁၂၂) ဧက စိုက်ပျိုးပြီးစီး

ပုဗ္ဗသီရိမြို့နယ်တွင် သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ် အစေ့ထုတ်ပြောင်း လျာထားဧက (၉၈၆) ဧကအနက် (၄၆၅) ဧကနှင့် ဖူးစားပြောင်း (၂၈၁) ဧကအနက် (၁၂၂) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပုဗ္ဗသီရိမြို့နယ်၊ ကြံဖိုစုကျေးရွာ၌ စက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်ကျေးရွာအုပ်စု၊ ကြံဖိုစုကျေးရွာ ဓမ္မာရုံတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေတိုးပွားရေးကို အဓိကဦးတည်၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးအတွက် စက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

လယ်ဝေးမြို့တွင် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပြပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့မွန်းလွဲ ၁ နာရီက (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲများ ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြ၊ နေပြည်တော်အတွင်း လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ အခွန်ဘဏ္ဍာတိုးတက်ကောက်ခံရရှိရေး၊ လယ်ယာမြေများ စနစ်တကျစီမံခန့်ခွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ပြည်ထောင်စုနယ်မြ၊ နေပြည်တော်အတွင်း လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ အခွန်ဘဏ္ဍာတိုးတက်ကောက်ခံရရှိရေး၊ လယ်ယာမြေများ စနစ်တကျ စီမံခန့်ခွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ခေတ္တအမြဲတမ်းအတွင်းဝန်နှင့် ဌာနကြီးမှူးများ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

တပ်ကုန်းမြို့နယ်၌ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ရှောက်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို ပိုမိုသိရှိလာစေရန်နှင့် အာဇာနည်နေ့ကို အစဉ်အမြဲ သတိတရရှိစေရန် ရည်ရွယ်ကျင်းပသည့် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကို ယနေ့မွန်းလွဲ ၂ နာရီက အဆိုပါကျောင်းအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

တပ်ကုန်းမြို့နယ် ရှောက်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရှောက်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ ကျောင်းအစည်းအဝေးခန်းမတွင် ကျင်းပသည်။

ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေး အသိပညာပေးခြင်းနှင့် ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မအူတောကျေးရွာ မူလတန်းလွန်ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၃-၂၀၂၄ ခုနှစ် နွေစပါး စံကွက်ရိတ်သိမ်းပွဲနှင့် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးနိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းဖြင့် သွင်းအားစုများပေးအပ်ခြင်း အခမ်းအနားတက်ရာက်

၂၀၂၃-၂၀၂၄ ခုနှစ် နွေစပါးစံကွက်ရိတ်သိမ်းပွဲနှင့် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးနိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းဖြင့် သွင်းအားစုများပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ မယ်ဇလီကုန်းကျေးရွာ တောင်သူဦးကျော်ဇောလင်း၏ GW- 11 ဧက ၅၀၀ စိုက်ခင်းအနီးရှိ ရှင်းလင်းဆောင်၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ တက်ရောက်ကြသည်။

ပျဉ်းမနားမြို့နယ်၌ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါကာကွယ်ထိန်းချုပ်ရေး စီမံချက်အဖြစ် ပျဉ်းမနားမြို့နယ်အတွင်းရှိ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးလျက်ရှိသည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ