တပ်ကုန်းမြို့နယ်၌ ကျောင်းအခြေပြု ဌာနဆိုင်ရာပေါင်းစုံ အသိပညာပေးဟောပြောပွဲ ကျင်းပ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်မြို့နယ် ရွှေမြို့ကျေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းအခြေပြုဌာနဆိုင်ရာပေါင်းစုံ အသိပညာပေးဟောပြောခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက အဆိုပါကျောင်းရှိ နှင်းဆီအဆောင်တွင် ကျင်းပခဲ့သည်။