နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး၊ ဇမ္ဗူသီရိမြို့နယ်၌ မဲရုံများ ပြင်ဆင်ဆောင်ရွက်နေမှုနှင့် MEVM စက်တပ်ဆင်ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများ ပြင်ဆင်ဆောင်ရွက်နေမှုနှင့် MEVM စက် တပ်ဆင်ဆောင်ရွက်နေမှုအား ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။