ဒက္ခိဏခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကဗျာရေးသားနည်းသင်တန်းဖွင့်လှစ်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာသင်ခန်းပြင်ပ သင်ခန်းစာတွေကို လေ့လာနိုင်စေရန်နှင့် ကဗျာရေးသားခြင်း၏ အခြေခံသဘောတရားများကို စနစ်တကျ လေ့လာနိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းတွင် ကဗျာရေးသားနည်းသင်တန်းကို ဖွင့်လှစ်သင်ကြားခဲ့သည်။