တပ်ကုန်းမြို့နယ် သပြေကုန်းကျေးရွာ စာကြည့်တိုက်အဆောက်အဦ ၉၀ ရာခိုင်နှုန်းပြီးစီး
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ သပြေကုန်းကျေးရွာတွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ငွေဖြင့် ဆောက်လုပ်ခဲ့သည့် စာကြည့်တိုက်အဆောက်အဦသစ်ကို သက်ဆိုင်ရာတာဝန်ရှိသူများက ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၈ ရက် နံနက်ပိုင်း မင်္ဂလာအချိန်တွင် ပန္နက်တင်ပေးခဲ့ပြီးနောက် စတင်ဆောက်လုပ်ခဲ့ရာ ယနေ့ထိ ၉၀ ရာခိုင်နှုန်းဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။