နေပြည်တော်ကောင်စီနယ်မြေ

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား လိုအပ်သည်များ ကူညီထောက်ပံ့ရေး ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း စက်တင်ဘာ ၁၀ ရက်မှ ၁၁ ရက်ထိ မိုးအဆက်မပြတ်ရွာသွန်း၍ နဝင်းချောင်း ရေပြည့်ရေကျော်သဖြင့် ရပ်ကွက်၊ ကျေးရွာများအတွင်း ရေများဝင်ရောက်လျက်ရှိရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်ဖြင့် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းတို့က အနီးကပ်ကြီးကြပ်၍ တိုင်း၊ ခရိုင်မှ ကယ်ဆယ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကယ်ဆယ်ရေးအဖွဲ့များက ရေဝင်ရောက်သော ရပ်ကွက်သုံးရပ်ကွက်၊ ကျေးရွာ ၁၁ ရွာမှ ရေဘေးသင့်ပြည်သူများကို ယနေ့နံနက်ပိုင်းထိ လူအင်အား၊ စက်လှေများဖြင့် ကူညီကယ်ဆယ်ပေးလျက်ရှိကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ်၌ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကျေးရွာချင်းဆက် လမ်းနှင့်တံတားများ ပျက်စီးမှုဖြစ်ပွား

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်း စက်တင်ဘာလ (၁၀) ရက်မှ (၁၁) ရက်ထိ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ယနေ့နံနက်ပိုင်းက ဥယျာဉ်ကျေးရွာ ဆင်သေချောင်းကူးတံတားထိပ် ကွန်ကရစ်လမ်းနှင့် ဖွံ့ဖြိုးရေးလမ်း၊ ဇီးကုန်းကျေးရွာ ဆင်သေတံတား ထိပ်နှစ်ဘက် ပျက်စီးမှုဖြစ်ပွားခဲ့သည်။

တပ်ကုန်းမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကျေးရွာချင်းဆက် တံတားများ ပျက်စီးမှုဖြစ်ပွား

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း စက်တင်ဘာ ၁၀ ရက်မှ ၁၁ ရက်ထိ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ယနေ့နံနက်ပိုင်းက ကျေးရွာချင်းဆက်တံတားများ ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ်၌ မိုးများအဆက်မပြတ် ရွာသွန်းခြင်းကြောင့် ဇီးကုန်းကျေးရွာ၊ အောင်ပန်းကျေးရွာနှင့် ကျည်တောင်ကန်‌ကျေးရွာအုပ်စုအတွင်းရှိ နေအိမ်များအတွင်း ရေများဝင်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၌ စက်တင်ဘာလ (၁၀) ရက်နေ့ ညပိုင်းမှစ၍ ယနေ့ထိ မိုးများအဆက်မပြတ် ရွာသွန်းခြင်း‌ကြောင့် ဇီးကုန်းကျေးရွာအုပ်စု၊ ဇီးကုန်းကျေးရွာ၊ အောင်ပန်းကျေးရွာနှင့် ကျည်တောင်ကန်‌ကျေးရွာအုပ်စုအတွင်းရှိ နေအိမ်များအတွင်း ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ်၌ အိမ်ထောင်စု (၃၅၉၅)စုတို့မှ လူဦးရေ (၁၅၂၀၁) ဦးတို့အား ရေဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းဆောင်ရွက်ခြင်းနှင့် ကူညီကယ်ဆယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် စက်တင်ဘာ ၁၀ ရက်နေ့မှစတင်၍ မိုးများ အဆက်မပြတ် ရွာသွန်းခဲ့သည့်အတွက် ပျဉ်းမနားမြို့တွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသည့် ငလိုက်ချောင်း၊ ဆင်သေချောင်း၊ ပျဉ်းမနားမြို့ အရှေ့ဘက်ခြမ်းရှိ ပေါင်းလောင်းမြစ်ဘေး အနိမ့်ပိုင်းတွင်နေထိုင်ကြသည့် ကျေးရွာများအတွင်း ရေဝင်ရောက်မှုများဖြစ်ပွားခဲ့သည့်အတွက် အိမ်ထောင်စု (၃၅၉၅)စုတို့မှ လူဦးရေ (၁၅၂၀၁)တို့အား ရေဘေးလွတ်ကင်းရာနေရာများသို့ ရွေ့ပြောင်းကယ်ဆယ်ခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပုဗ္ဗသီရိမြို့နယ်၊ ဥပ္ပါတသန္တိဘုရားကြီး အရှေ့ဘက်ဓမ္မာရုံ၌ ရေဘေးသင့်ပြည်သူများအား ပစ္စည်းများထောက်ပံ့ပေးအပ်ပွဲတက်ရောက်

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာအုပ်စုနှင့် ဘဲကုန်းကျေးရွာအုပ်စုများမှ ရေဘေးသင့်ပြည်သူများကို ယနေ့နံနက် (၁၀) နာရီခွဲအချိန်က ဥပ္ပါတသန္တိဘုရားကြီးရှိ အရှေ့ဘက်ဓမ္မာရုံတွင် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ကာယပညာနှင့်အားကစား အခြေခံနည်းပြသင်တန်း၊ အမှတ်စဥ် (၂၂ ) သင်တန်းဆင်းပွဲကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ဖွင့်လှစ်သည့် ကာယပညာနှင့်အားကစား အခြေခံနည်းပြသင်တန်း၊ အမှတ်စဥ် (၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ညနေ (၄) နာရီက လယ်ဝေးမြို့၊ အားကစားလေ့ကျင့်ရေးစခန်း၊ အမှတ် (၂) တွင် ကျင်းပသည်။

ဥတ္တရသီရိမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျချောင်းရေစီးဆင်းမှုကြောင့် ငလိုက်ရေ‌လှောင်တမံ ရေပိုလွှဲမှ ရေတစ်ပေခန့် စီးဆင်းလျက်ရှိ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျချောင်းရေစီးဆင်းမှုကြောင့် မင်းကုန်းကျေးရွာအုပ်စု၊ ဆည်ကန်(အနောက်)ကျေးရွာရှိ ငလိုက်ရေ‌လှောင်တမံရေပိုလွှဲမှ ယမန်နေ့နံနက် ၁၁ နာရီခန့်က ရေတစ်ပေခန့် စတင်စီးဆင်းလျက်ရှိကြောင်း သိရသည်။

ပျဉ်းမနားမြို့၊ မင်္ဂလာရှမ်းကန်အတွင်း အသစ်တဖန် ပြန်လည်တည်ဆောက်ပြီးစီးသည့် "ရေလယ်ဘုရားကျောင်းဆောင်" အတွင်း ကိန်းဝပ်စံပါယ်တော်မူသော "မာရဝိဇယပုံတူမြတ်စွာဘုရား" ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနား ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့၊ မင်္ဂလာရှမ်းကန်အတွင်း အသစ်တဖန်ပြန်လည်တည်ဆောက်ပြီးစီးသည့် “ရေလယ်ဘုရားကျောင်းဆောင်”အတွင်း ကိန်းဝပ်စံပါယ်တော်မူသော “မာရဝိဇယပုံတူမြတ်စွာဘုရား”ကို ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနားနှင့် ရှင်ဥပဂုတ္တကိုယ်တော်မြတ်ကြီးနှင့် ကျောင်းဆောင်ဆောက်လုပ်လှူဒါန်းခြင်းတို့အတွက် ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနားကို စက်တင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

လယ်ဝေးမြို့နယ်အတွင်း စစ်တောင်းမြစ်ဘေးဝဲယာရှိ ကျေးရွာအချို့တွင် ရေဝင်ရောက်မှုကြောင့် လူနှင့် တိရစ္ဆာန်များအား ယာယီပြောင်းရွှေ့ပေးလျက်ရှိ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်အတွင်း စစ်တောင်းမြစ်ဘေးဝဲယာရှိ ရေများဝင်ရောက်နေသည့် ကျေးရွာများဖြစ်သည့် ကွမ်းခြံကျေးရွာ၊ ရုံးပင်ကျေးရွာ၊ ဗွက်ကြီးရိုးကျေးရွာ၊ ရေကာကျေးရွာ၊ ပေါက်မြိုင်ကျေးရွာများသို့သွားရောက်၍ လူနှင့် တိရစ္ဆာန်များအား နီးစပ်ရာကျေးရွာများရှိ ဆွေမျိုးများ၏နေအိမ်များ၊ အေလာတိဏ္ဏဘုန်းတော်ကြီးကျောင်း၊ အေလာဂိုဏ်းထောက်ကျောင်း၊ အေလာသရက်တောကျောင်း၊ ဇေယျသိမ်ဘုန်းတော်ကြီးကျောင်း၊ ပျံချီဘုန်းတော်ကြီးကျောင်း၊ အောင်းကုန်းဘုန်းတော်ကြီးကျောင်းများသို့ ရွှေ့ပြောင်းပေး၍ လိုအပ်သည်များ ကူညီစီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း သိရှိရသည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ