နေပြည်တော်ကောင်စီနယ်မြေ

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် သဘာဝဘေးလျော့ပါးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၊ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားသည့် နေရာများအား သွားရောက်ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း သဘာဝဘေးလျော့ပါးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ရဲမိုး၊ ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း မိုးရွာသွန်းမှုကြောင့် နဝင်းချောင်းရေမြင့်တက်၍ ပျက်စီးသွားခဲ့သော လမ်း၊ တံတားများ ကွင်းဆင်းကြည့်ရှု

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ရဲမိုး၊ ဦးဇေယျာလင်းတို့သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးလိုက်ပါ၍ တပ်ကုန်းမြို့နယ်အတွင်း မိုးရွာသွန်းမှုကြောင့် နဝင်းချောင်းရေမြင့်တက်၍ ပျက်စီးသွားခဲ့သော လမ်း၊ တံတားများကို ယနေ့နံနက် ၇ နာရီခွဲက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့နယ်၌ ရေမျောလာသည့် ဓာတ်ဆီသံသိုလှောင်ကန်မှ စက်သုံးဆီများအား ခပ်ယူရာမှ မီးလောင်မှုဖြစ်ပွား

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် သပြေချောင်းကျေးရွာအုပ်စု၊ ရန်ကုန်-မန္တလေးလမ်းဟောင်းဘေး၊ Future Star စက်သုံးဆီအရောင်းဆိုင်မှ ဂါလံ ၆၄၀၀ ဆံ့ 92 ဓာတ်ဆီသံသိုလှောင်ကန်သည် ယမန်နေ့မွန်းလွဲပိုင်းက ဆင်သေချောင်း ရေစီးနှင့်မျောပါခဲ့သည်။

တပ်ကုန်းမြို့နယ် ရေးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့လှူဒါန်းငွေနှင့် ပစ္စည်းများလှူဒါန်းခြင်းအခမ်းအနား ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း စက်တင်ဘာ ၁၀ ရက်မှ ၁၁ ရက်ထိ မိုးအဆက်မပြတ်ရွာသွန်းပြီး နဝင်းချောင်း ရေပြည့်ရေကျော်မှုကြောင့် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့လှူဒါန်းငွေနှင့် ပစ္စည်းများလှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

လယ်ဝေးမြို့နယ်အတွင်း စစ်တောင်းမြစ်ဘေးဝဲယာ ကျေးရွာ ၁၅ ရွာတွင် မြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးရှောင်စခန်းများ ဖွင့်လှစ်

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း စစ်တောင်းမြစ်ဘေးဝဲယာရှိ ကျေးရွာ ၁၅ ရွာတွင် စက်တင်ဘာလ ၁၁ ရက်နေ့ ညနှင့် ယမန်နေ့နံနက်ပိုင်းက လူနေအိမ်များအတွင်း မြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်​ရေးစခန်း ၁၀ ခု ဖွင့်လှစ်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ယနေ့မွန်းလွဲ (၁)နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်ခဲ့သည်။

ပျဉ်းမနားခရိုင်၌ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေဆိုင်ရာ(ခရိုင်အဆင့်) အသိပညာပေးရှင်းလင်းပွဲအခမ်းအနား ကျင်းပ

ပြည်ထောင်စုနယ်မြေ‌၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေဆိုင်ရာ(ခရိုင်အဆင့်) အသိပညာပေးရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ အမှတ် - ၁၄ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ပုဗ္ဗသီရိမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား လိုအပ်သည်များ ကူညီထောက်ပံ့ရေး ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်း စက်တင်ဘာ ၁၀ ရက်မှ ၁၁ရက်ထိ မိုးအဆက်မပြတ်ရွာသွန်း၍ ဆင်သေချောင်း ရေပြည့်ရေကျော်သဖြင့် ရပ်ကွက်၊ ကျေးရွာများအတွင်း ရေများဝင်ရောက်လျက်ရှိရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်ဖြင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များက အနီးကပ်ကြီးကြပ်၍ တိုင်း၊ ခရိုင်မှ ကယ်ဆယ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကယ်ဆယ်ရေးအဖွဲ့များက ရေဝင်ရောက်သော ရပ်ကွက်များနှင့် ကျေးရွာများသို့ ကွင်းဆင်း၍ ရေဘေးသင့်ပြည်သူများကို ယမန်နေ့နံနက်ပိုင်းထိ လူအင်အား၊ စက်လှေများဖြင့် ကူညီကယ်ဆယ်ပေးလျက်ရှိကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ်၌ ရေဘေးသင့်ပြည်သူများအား ရေဘေးလွတ်ရာနေရာများသို့ ရွေ့ပြောင်းခြင်းနှင့် ကူညီကယ်ဆယ်ခြင်း လုပ်ငန်းများဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် စက်တင်ဘာ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ မိုးများ အဆက်မပြတ်ရွာသွန်းခဲ့သည့်အတွက် ပုဗ္ဗသီရိမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသည့် ဆင်သေချောင်းဘေး အနိမ့်ပိုင်းတွင်နေထိုင်ကြသော ကျေးရွာများအတွင်း ရေဝင်ရောက်မှုများဖြစ်ပွားခဲ့သည့်အတွက် ရေဘေးသင့်ပြည်သူများအား ရေဘေးလွတ်ကင်းရာနေရာများသို့ရွှေ့ပြောင်းခြင်းနှင့် ကူညီကယ်ဆယ်ခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ