နေပြည်တော်ကောင်စီဝင် ဦးမင်းဦး ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရေဘေးကြောင့် မျောပါပျက်စီးသွားသည့် နေအိမ်များနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးသွားသည့် နေအိမ်များအတွက် ထောက်ပံ့ငွေများ ပေးအပ်
နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဇေယျာသီရိခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောနိုင်၊ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့်အဖွဲ့ဝင်များက ပုဗ္ဗသီရိမြို့နယ်အတွင်း ရာဂီမုန်တိုင်းကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ်များအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။