နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပျဉ်းမနားမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများ၏ ပျောက်ဆုံးပျက်စီးသွားသော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပြီး တပ်ကုန်းမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရာဂီမုန်တိုင်းအရှိန်ကြောင့် နေပြည်တော်အတွင်း ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ ပျဉ်းမနားမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများ၏ ပျောက်ဆုံးပျက်စီးသွားသော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ခြင်း၊ တပ်ကုန်းမြို့နယ်အတွင်း ရေကြီးနစ်မြုပ်ခဲ့သည့် မိုးစပါးစိုက်ဧကများ၊ ဆောင်းသီးနှံ မတ်ပဲနှင့် နေကြာမျိုးစေ့များ ထောက်ပံ့ ပေးအပ်ခြင်း၊ ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။