နေပြည်တော်ကောင်စီနယ်မြေ

ဒက္ခိဏသီရိမြို့နယ်၌ သဘာဝဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်နိုင်ရေး အသိပညာပေး ဟောပြောပွဲနှင့် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင် မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးဝင်းကျော်ဦးနှင့် ဦးစီးအရာရှိ ဦးအောင်ရာဇာဖြိုးတို့ ကြီးကြပ်၍ မီးသတ်အဖွဲ့ဝင်များဖြင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာတုံ့ပြန်ဆောင်ရွက်နိုင်ရေး အသိပညာပေးဟောပြောပွဲနှင့် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်မှုဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းတွင် OIAC ကိုယ်ပိုင်အထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ကော်မတီအစည်းအဝေးတက်‌ရောက်

နေပြည်တော် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်ရေး‌ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဝင် ဦးမြင့်စိုး၊ ကော်မတီအတွင်းရေးမှူးနှင့်ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ပျဉ်းမနားမြို့နယ်အတွင်း မူလတန်းကြိုကျောင်းများ ထူထောင်ခွင့်ပြုမိန့် သက်တမ်းတိုးမြှင့်ခွင့်ရရှိရေး ကွင်းဆင်းစစ်ဆေး

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့နယ်အတွင်းရှိ “စံ” မူကြို၊ “သဇင်ဝေ” မူကြို၊ “Happy World” မူကြို စသည့် မူလတန်းကြိုကျောင်းများ တည်ထောင်ခွင့်ပြုမိန့် ဒုတိယအကြိမ် သက်တမ်းတိုးမြှင့်ခွင့်ရရှိနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ်၌ မန္တလေးငလျင်ကြီးကြောင့် နေအိမ်တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်း မန္တလေးငလျင်ကြီးကြောင့် နေအိမ်တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို  ယနေ့မွန်းလွဲပိုင်းက ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဇေယျာသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး "လူငယ်နှင့်စာဖတ်ခြင်း"အသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး "လူငယ်နှင့်စာဖတ်ခြင်း" အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အောင်ဇေယျရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်တွင် နွေ၊ မိုး၊ ဆောင်း ရာသီပြည့် တစ်နှစ်သုံးသီးစားသီးနှံစိုက်ပျိုးနိုင်ရေး‌ တောင်သူများနှင့်တွေ့ဆုံ

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် နွေ၊ မိုး၊ ဆောင်းရာသီပြည့် တစ်နှစ်သုံးသီးစား သီးနှံစိုက်ပျိုးနိုင်ရေး‌ တောင်သူများနှင့် တွေ့ဆုံခြင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီက သပြေချောင်းကျေးရွာ၊ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ(KC) ခန်းမတွင် တွေ့ဆုံခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးမှူးဥက္ကဋ္ဌ ဦးအောင်သူနှင့် မြို့နယ်အဆင့်စိုက်ပျိုးကြီးကြပ်ရေးအဖွဲ့ဝင်များ၊ တောင်သူပေါင်း ၆၅ ဦး တက်ရောက်ခဲ့သည်။

တပ်ကုန်းမြို့၌ ငလျင်ဘေးကြောင့် ပျက်စီးခဲ့သည့် မြို့နယ်ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီး အသစ်ပြန်လည်တည်ဆောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် မတ်လ ၂၈ ရက် မန္တလေးမြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပျက်စီးခဲ့သည့် မြို့နယ်ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီး ပြန်လည်အသစ်တည်ဆောက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၁၁ ရက် နံနက်ပိုင်းက အဆိုပါဗိမာန်တော်ကြီးဝင်းတွင် ကျင်းပခဲ့သည်။

ဇမ္ဗူသီရိမြို့နယ်၌ ငလျင်ဘေးနှင့်ရေဘေးအပါအဝင် မီးဘေးလုံခြုံ‌ရေး အသိပညာပေးဟောပြောပွဲနှင့် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းများဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ဉာဏသိဒ္ဓိရပ်ကွက် Soe San ကိုယ်ပိုင်အထက်တန်း‌ကျောင်းတွင် ငလျင်ဘေးနှင့်ရေဘေးအပါအဝင် မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါကအချိန်နှင့်တစ်ပြေးညီ အနီးကပ်စီမံဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်းက Soe San ကိုယ်ပိုင်အထက်တန်းကျောင်းရှိ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်သူများအား မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်း၊  မီးသတ်ဆေးဘူးအသုံးပြုခြင်း၊   ဆီမီးလောင်မှု၊

ဥတ္တရသီရိမြို့နယ်၌ နွေစပါးစံပြကွက်ရိတ်သိမ်းပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် မောင်းရမ်းကျေးရွာအုပ်စု၊ ကွမ်းခြံစုကျေးရွာ၌ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားသော နွေစပါးစံပြကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ကွင်းအမှတ်(၁၈၈၅)၊ တောင်သူ ဦးကျော်ရွှေ၏ စံပြကွက်စိုက်ခင်း ၅ ဧက၌ ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မြို့နယ်ပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲ၊ ဝါဆိုသင်္ဃန်း ဆက်ကပ်လှူဒါန်းပွဲနှင့် စိုက်ပျိုးနိုင်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစုများ ပေးအပ်ပွဲတက်ရောက်

၂၀၂၅ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့၊ ပေါင်းလောင်းအားကစားခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီ၀င်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့်ကော်မတီဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ