နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ပျဉ်းမနားမြို့နယ်၊ မင်္ဂလာကန်တော်ခန်းမ ဆေးကုမ္ပဏီများမှ သုံးစွဲသူပြည်သူများအား ဆေးဝါးများ တိုက်ရိုက်ရောင်းချပေးနေမှုကို ကြည့်ရှုအားပေး
ဆေးဝါးဈေးနှုန်းတည်ငြိမ်စေရေးနှင့် ပြတ်လပ်မှုမရှိစေရန်ရည်ရွယ်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ နေပြည်တော်ကောင်စီ၏ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဦးဆောင်ကာ ဒုတိယအကြိမ်မြောက် “ဆေးကုမ္ပဏီများမှ သုံးစွဲသူပြည်သူများအား ဆေးဝါးများတိုက်ရိုက်ရောင်းချပွဲ” ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ်၊ မင်္ဂလာကန်တော်ခန်းမတွင် ရောင်းချပေးနေမှုကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုး၊ ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးသည်။