နေပြည်တော်ကောင်စီနယ်မြေ

တပ်ကုန်းမြို့နယ် ဗျိုင်းအင်းရှေးဟောင်းဘုရာဝင်းအတွင်းတည်ထားကိုးကွယ်သည့် သိမ်တော်ဦးစေတီတော် ထီးတော်တင်လှူပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ဗျိုင်းအင်းကျေးရွာအနီး၊ ဗျိုးအင်းရှေးဟောင်း ဘုရာဝင်းအတွင်း၌ တည်ထားကိုးကွယ်ထားသော သိမ်းတော်ဦးဘုရား စေတီတော်မြတ်ကြီး ထီးတော်တင်ပွဲကို ယ​နေ့နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှုး ဦးစဝီလီဖရန့်နှင့်ဝန်ထမ်းများ၊ လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဗိုလ်မှုးရာဇာ၊  ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ  လယ်ဝေးမြို့နယ်၊ အေးချမ်းသာကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တွေ့ဆုံဆွေးနွေးခဲ့သည်။

လယ်ဝေးမြို့နယ်တွင် ၂၀၂၅ ခုနှစ် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်၊ အသက် ၂၀ အောက်၊ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

၂၀၂၅ ခုနှစ်၊ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလား၊ ရပ်ကွက်/ကျေးရွာအုပ်စုပေါင်းစုံ အသက် ၂၀ နှစ်အောက်၊ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂၇ ရက်နေ့ ညနေ ၃ နာရီက လယ်ဝေးမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်းတွင် ကျင်းပသည်။

ဒက္ခိဏခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌  လူငယ်စာဖတ်ဝိုင်း ကျင်းပ

ကျောင်းသား၊ကျောင်းသူ လူငယ်များအနေဖြင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ လူထုရှေ့၌ ပြောဆိုဆွေးနွေးတက်သည့် အမှုအကျင့်များရရှိလာစေရန်ရည်ရွယ်၍ ယနေ့မွန်းလွဲပိုင်းတွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌  လူငယ်စာဖတ်ဝိုင်းကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော် စာပေဝိုင်းမှ စာရေးဆရာများ၊ ဆရာ၊ ဆရာများနှင့် ကျောင်းသူ၊ ကျောင်းသားများ တက်ရောက်ကြသည်။

ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်း ဆွေးနွေးပွဲ၊ စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲနှင့် စာအုပ်လှူဒါန်းပွဲ ကျင်းပ

စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာကိုကိုလင်း (အမေ့အိမ်)ရေးသားသည့် "လူကြီးတွေက စပြင်ပါ (လူငယ်ခံစားမှုအတွေးစာစုများ)" စာအုပ်ဖြင့် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ဇမ္ဗူသီရိမြို့နယ်မီးသတ်စခန်းအား နေပြည်တော်မီးသတ်ဦးစီးမှူးရုံးမှ ကြည့်ရှုစစ်ဆေး

နေပြည်တော်မီးသတ်ဦးစီးမှူးရုံးမှ ညွှန်ကြား‌ရေးမှူး ဦးမြတ်သီဟသည် ယ​မန်နေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များအားတွေ့ဆုံခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသားဘောလုံး အားကစားပြိုင်ပွဲတွင် ဘုရင့်နောင်ရပ်ကွက်အသင်းနှင့် အင်ပင်ကျေးရွာ အသင်းတို့ ယှဉ်ပြိုင်ကစား

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားဘောလုံး အားကစားပြိုင်ပွဲကျင်းပ ယှဉ်ပြိုင်လျက်ရှိရာ ဘုရင့်နောင်ရပ်ကွက်အသင်းနှင့် အင်ပင်ကျေးရွာအသင်းတို့ ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်က မြို့နယ်အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည်။

ဇေယျာသီရိမြို့နယ်၌ တတိယအကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ တတိယအကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ပြည်စံအောင်ရပ်ကွက်၊ ရတနာစံပရိယတ္တိစာသင်တိုက် ရတနာဘိမတဘိမာန်တော်ကြီး၌ ဇန်နဝါရီလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

ဇေယျာသီရိမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်ဆိုင်ရာစွမ်းရည် မြင့်မားရေး ပြိုင်ပွဲများကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဇေယျာသီရိမြိုနယ်၊ ပြည်စံအောင်အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအားဖိတ်ခေါ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်ဆိုင်ရာစွမ်းရည်မြင့်မားရေးပြိုင်ပွဲများကို ယနေ့မွန်းလွဲပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့သည်။

တပ်ကုန်းမြို့နယ်တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးအားကစားပြိုင်ပွဲတွင် ဗိုလ်မင်းရောင်းရပ်ကွက်အသင်းနှင့် ဆရာစံရပ်ကွက်အသင်းတို့ ယှဉ်ပြိုင်ကစား

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးအားကစားပြိုင်ပွဲကို ယမန်နေ့ ၃ နာရီခွဲအချိန်က မြို့နယ်အားကစားကွင်းတွင် ဗိုလ်မင်းရောင်းရပ်ကွက်အသင်းနှင့် ဆရာစံရပ်ကွက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ