တပ်ကုန်းမြို့နယ်၌ ငလျင်ဘေးကြောင့် ထိခိုက်ခံရသည့် တစ်စိတ်တစ်ပိုင်းပျက်နှင့် ပြိုပျက် အိမ်များ ထောက်ပံ့နိုင်ရေး မြန်မာနိုင်ငံကြက်ခြေနီမှ စာရင်းများပြုစုဆောင်ရွက်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ရပ်ကွက်၊ ကျေးရွာများအတွင်း မတ်လ ၂၈ ရက် မန္တလေးမြေငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ခံရသည့် တစ်စိတ်တစ်ပိုင်းပျက်နှင့် ပြိုပျက် အိမ်များ ထောက်ပံ့နိုင်ရေး မြန်မာနိုင်ငံကြက်ခြေနီဗဟိုနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်၍ စာရင်းများပြုစုဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ဘုရင့်နောင်ရပ်ကွက်၊ မြို့လယ်ဝေပုလ္လစာသင်တိုက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။