တပ်ကုန်း ဇူလိုင် ၃
ပြည်ထောင်စုနယ်မြ၊ နေပြည်တော်တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာတွင် ဆိတ်မွေးမြူရေးပိုမိုဖွံ့ဖြိုးတိုးတက်စေရန်၊ ကျေးရွာများအတွင်း အရင်းမပျောက်မတည်လည်ပတ်နိုင်စေရန်၊ ကျေးလက်ဒေသများအတွင်း အသားကဏ္ဍဖူလုံစေရန်ရည်ရွယ်၍ နေပြည်တော်ကောင်စီ၏အစီအစဉ်ဖြင့် ဒေသဆိတ်များ ခြံလှောင်စနစ် စတင်မွေးမြူထားရှိကြောင်း သိရသည်။
အဆိုပါမွေးမြူရေးစနစ်တွင် ခြံအကျယ်အဝန်းမှာ အလျား ၂၇ ပေ၊ အနံ ၁၈ ပေ၊ အမြင့် ၁၀ ပေ အဆောက်အဦ၊ ဆိတ်အစာမှာ ဇီးအမှုန့်၊ ဇီးအဖတ်၊ နှံစားပြောင်း၊ မြက်နှင့် ဆိတ်စီပီစာတို့ဖြင့် ဆိတ်အထီး နှစ်ကောင်၊ ဆိတ်အမ ၂၂ ကောင်တို့အား ခြံလှောင်စနစ် စတင်မွေးမြူထားရှိကြောင်း သိရသည်။
တင်စိုးလွင်