ကိုဗစ်-၁၉ ရောဂါ ဖြစ်စေမည့် ဗိုင်းရပ်စ်၊ ဗီဇပြောင်းမျိုးကွဲများအကြောင်း ဆွေးနွေးဟောပြော
ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်းရုံးရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ဖြစ်စေမည့် ဗိုင်းရပ်စ်၊ ဗီဇပြောင်းမျိုးကွဲများအကြောင်း ဆွေးနွေးဟောပြောခြင်းကို ယမန်နေ့ ညနေ(၃)နာရီက ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။