ဦးစီးဌာန(ရုံးချုပ်)

ဟင်္သာတမြို့နယ်၌ အသက်(၅၅)နှစ်မှ (၆၄)နှစ်အတွင်း ပြည်သူများ ကိုဗစ်ကာကွယ် ဆေး(ပထမအကြိမ်)ထိုးနှံပေး

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဟင်္သာတမြို့နယ်တွင် ကိုဗစ်‌ရောဂါကာကွယ် ဆေးအား သတ်မှတ်ဦးတည်အုပ်စုများအလိုက် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်က ဟင်္သာတမြို့ တာကလေးရပ် ဦးအောင်မြတ်ကျော် ဘုရားဝန်း ရှိ ပြည်လုံးချမ်းသာ ခန်းမတွင် ကိုဗစ်- ၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးရမည့်သူများနှင့် ကာကွယ်ဆေးမထိုးနှံရ‌သေးသည့် အသက် (၅၅)နှစ်မှ (၆၄)နှစ်အတွင်း ပြည်သူများ ၊ ရဟန်းသံဃာတော်များနှင့် သတ်မှတ် ဦးတည်အုပ်စုတို့တွင် ပါဝင်သူများကို ကိုဗစ်ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေးလျက်ရှိ‌ကြောင်းသိရှိရသည်။

မဘိမ်းမြို့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ကွင်းဆင်းဆောင်ရွက်ပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများပြုလုပ်ပေးခြင်းကို ယနေ့နံနက် ၉ နာရီ အချိန်က ခိုတာကျေးရွာအုပ်စု၊ ဝိုင်းလုံကျေးရွာဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် ပခုက္ကူခရိုင်နှင့် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ထောက်ပံ့ပစ္စည်းများပေးအပ်

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် ပခုက္ကူခရိုင်နှင့်မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် ယမန်နေ့ နံနက် ၁၁နာရီ အချိန်က တွေ့ဆုံပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်  ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်ရမည့် ညွှန်ကြားချက်များ အသံချဲ့စက်ဖြင့် လှည့်လည်​ကြေညာ

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်ရမည့် ညွှန်ကြားချက်များအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက မြို့ပေါ် ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်​ကြေညာခဲ့ကြသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမူရေးပင်စင် ထောက်ပံ့ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှလူမူရေးပင်စင်များ ထောက်ပံ့ ငွေများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိ သူများမှ အိမ်တိုင်ရာရောက်လိုက်လံ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်းသိရသည်။

သာစည်မြို့နယ်တွင် နယ်မြေမီးသတ်စခန်းနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးဆောက် လုပ်နေမှုများ ကွင်းဆင်း စစ်ဆေးပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနေမှု ကြည့်ရှုအားပေး

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်လှိုင်းတက်ကျေးရွာတွင် ဆောက်လုပ်လျက်ရှိသော နယ်မြေမီးသတ်စခန်းနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးဆောက်လုပ်နေမှုတို့ကိုစက်တင်ဘာ ၁၇ ရက်နံနက် ၁၀ နာရီကတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး တပ်မတော် ဖိနပ်စက်ရုံနှင့်မိုးရေကာဖျင်စက်ရုံတို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ ရာသို့ သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

ဒက္ခိဏသီရိမြို့နယ်တွင် တတိယနေ့အဖြစ် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် နာတာရှည်ရောဂါရှိသူများ၊ မသန်စွမ်းသူများ၊ အသက် ၅၅ နှစ်နှင့်အထက် အသက်ကြီးသူ များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ နှင့်မိသားစုဝင်များ၊ စက်ရုံ အလုပ်ရုံများမှဝန်ထမ်းများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီ မှစတင်၍ အမှတ်(၁၈)အခြေခံပညာအထက်တန်းကျောင်း ဆေးထိုးစုရပ်၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ အတည်ပြုလူနာ တစ်ရက်လျှင် (၁၀)ဦး ခန့်သာတွေ့တော့သည်အထိ လျော့ကျလာ

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် အတွင်း ကိုဗစ်- ၁၉ ရောဂါ အတည်ပြုလူနာတွေ့ရှိမှု့ စက်တင် ဘာလတွင် တစ်ရက်လျှင် (၁၀)ဦးခန့်သာ တွေ့ရှိသည်အထိ လျော့ကျလာကြောင်း ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုန့်ပြန်ရေး ကော်မတီထံမှ စုံစမ်းသိရှိရသည်။

ငရုတ်ကောင်းမြို့၌ အသက်(၅၅)နှစ်မှ (၆၄)နှစ်အတွင်း ပြည်သူများအား (ပထမ)အကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးမည်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးရမည့်သူများနှင့် ကိုဗစ်ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၅၅)နှစ်မှ(၆၄)နှစ်နှင့် ဦးစားပေးအဆင့် လိုက်ကာကွယ်ဆေးများကို စက်တင်ဘာ၁၈ရက်မှ ၁၉ရက်နေ့အထိ နံနက်၁၀နာရီမှစ၍ ငရုတ်ကောင်းမြို့(အထက)တွင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။

မြိတ်မြို့တွင် အဆင့်မြှင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၂)သင်တန်းဆင်း

နယ်စပ်ဒေသရှိ တိုင်းရင်းသူလေးများ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ပြီး လူမှု စီးပွားဘဝ မြှင့်တင်နိုင်စေရေး အတွက် နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန မြိတ်မြို့ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ ဖွင့်လှစ် ခဲ့သည့် အဆင့်မြှင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၂)ကို ယနေ့ နံနက်ပိုင်းက အဆိုပါ သင်တန်းကျောင်းတွင် သင်တန်းဆင်းပွဲ ကျင်းပခဲ့သည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)