မြောင်းမြမြို့နယ်၊ ကံဘဲ့လေးကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေးကွင်းဆင်းဆောင်ရွက်
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ယမန်နေ့နံနက် ၉ နာရီ က ကံဘဲ့လေးကျေးရွာ သာသနာ့ကာရီ ဘုန်းတော်ကြီးကျောင်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။