သဘာဝမြေဩဇာ(စူပါဘိုကာရှီ) လက်တွေ့ ပြုလုပ်သုံးစွဲခြင်းနှင့် ပေါင်းလိုက် သမန်းနှိုးခြင်း တောင်သူပညာပေးပွဲကျင်းပ
စပါးခွံကိုအသုံးပြု၍ သဘာဝမြေဩဇာ (စူပါဘိုကာရှီ) လက်တွေ့ပြုလုပ် သုံးစွဲခြင်းနှင့် ပေါင်းလိုက် သမန်းနှိုးခြင်း တောင်သူပညာပေးသရုပ်ပြပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ မန်းစက္ကူကျေးရွာအုပ်စု၊ ရေနောက်ကျေးရွာ၌ ဒီဇင်ဘာ ၂၇ ရက်နံနက်က ပြုလုပ်သည်။