ဦးစီးဌာန(ရုံးချုပ်)

တန့်ယန်းမြို့နယ် လုံမုံကျေးရွာအုပ်စု၊ နမ့်လန်ကျေးရွာတွင် ဘက်စုံသုံးခန်းမ တည်ဆောက်ပေးနေ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြည်သူလူထုများ၏ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဆောင်ရွက်ပေးနေရာ လုံမုံကျေးရွာအုပ်စု၊ နမ့်လန်ကျေးရွာတွင် ကျေးရွာဘက်စုံသုံးခန်းမ တည်ဆောက်ပေးနေကြောင်း သိရသည်။

ကွန်ဟိန်းမြို့ မဟာကမ္ဘောဇပြည်ငြိမ်းအေးစေတီတော်၌ ဆီမီးတစ်သောင်း ထွန်းညှိပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ အမှတ် (၄) ရပ်ကွက်အတွင်းရှိ မဟာကမ္ဘောဇပြည်ငြိမ်းအေးစေတီတော်တွင် (၁၃၈၅ ခု၊ သီတင်းကျွတ်လပြည့်နေ့) အောက်တိုဘာလ ၂၉ ရက်နေ့၊ ညနေ ၆ နာရီခန့်က ဆီမီးတစ်သောင်း ထွန်းညှိပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ် ဖလန်ပင်ကျေးရွာ၌ (၆)လပဲခေါ် မြေပြန့်မြေပဲများ နှုတ်သိမ်း

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ဖလန်ပင်ကျေးရွာ၌ (၆)လခေါ် မြေပြန့်မြေပဲများ နှုတ်သိမ်းလျက်ရှိကြောင်း တောင်သူ ဦးထွန်းဝေထံက သိရသည်။

သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)၌ အမြို့မြို့အနယ်နယ်ရှိ ဘုရားစေတီများတွင် ကုသိုလ်ဒါနပြုကြသူများ၊ ဘုရားဖူးလာပြည်သူများ၊ ပျော်ပွဲရွှင်ပွဲများနှင့် စည်ကားလျက်ရှိ

တာချီလိတ် သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ ရွှေတိဂုံဘုရား စေတီတော်ကြီး၌ ဆီမီး ၁၀၀၀ ကို စစ်ဗျူဟာအခြေချ ဗိုလ်မှူးကြီး သူရဇော်လွင်စိုး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် ဌာနဆိုင်ရာများ၊ ပရဟိတလူမှုကူညီရေးအသင်းများ၊ ဒေသနေတိုင်းရင်းသားပြည်သူများ၊ ရပ်နီးရပ်ဝေး ခရီးသွားဧည့် သည်များက စုပေါင်းကုသိုလ်ယူ ထွန်းညှိပူဇော်ခဲ့ကြသည်။ အေးအေးလတ်

သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)၌ အမြို့မြို့အနယ်နယ်ရှိ ဘုရားစေတီများတွင် ကုသိုလ်ဒါနပြုကြသူများ၊ ဘုရားဖူးလာပြည်သူများ၊ ပျော်ပွဲရွှင်ပွဲများနှင့် စည်ကားလျက်ရှိ

မြို့သစ် မကွေးခရိုင်၊မြို့သစ်မြို့တွင်သီတင်းကျွတ်မီးထွန်းပွဲတော်ကို ယမန်နေ့ မြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများဖြစ်သော သာလေးသာသ မိုင်းဝင်၊ လှိုင်နံသာ၊ လေသာ၊ ရွှေဘုံသာနှင့် အင်ကြင်းသာစေတီတော်တို့တွင် ကျင်းပလျက်ရှိရာ ဘုရားဖူးလာပြည်သူများ၊ ကုသိုလ်ပြုသူများ၊ အပန်းဖြေအနားယူကြသူများဖြင့် စည်ကားလျက်ရှိကြောင်း၊ ၎င်းအပြင် မြို့သစ်မြို့ ဗိုလ်ချုပ်ပန်းခြံတွင်လည်း အများပြည်သူအပန်းဖြေနိုင်ရန်အတွက် ရောင်စုံလျှပ်စစ်မီးများဖြင့် အလှဆင်ထွန်းညှိထားရာ အပန်းဖြေအနားယူသူ၊ အလှဓာတ်ပုံရိုက်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။ သန်းဝင်းထွန်း(ပြန်/ဆက်)

သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)၌ အမြို့မြို့အနယ်နယ်ရှိ ဘုရားစေတီများတွင် ကုသိုလ်ဒါနပြုကြသူများ၊ ဘုရားဖူးလာပြည်သူများ၊ ပျော်ပွဲရွှင်ပွဲများနှင့် စည်ကားလျက်ရှိ

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ညတွင် မင်းဘူးမြို့၏ သမိုင်းဝင် ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီးတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ၊ ဆီမီး ၁၀၀၀ ၊ ရေချမ်းနှင့် ပန်းများကပ်လှူပူဇော်ခြင်း၊ တရားဘာဝနာပွားများခြင်း၊ စတုဒိသာ ကျွေးမွေးလှူဒါန်းခြင်းများဖြင့် စည်ကားလျက်ရှိကြောင်း စက္ကိန်းတဲဘဏ္ဍာထိန်းဂေါပက ဥက္ကဌ ဦးကျော်သိန်းထံမှ သိရသည်။ ဇေယျာထက်(မင်းဘူး)

သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)၌ အမြို့မြို့အနယ်နယ်ရှိ ဘုရားစေတီများတွင် ကုသိုလ်ဒါနပြုကြသူများ၊ ဘုရားဖူးလာပြည်သူများ၊ ပျော်ပွဲရွှင်ပွဲများနှင့် စည်ကားလျက်ရှိ

နမ္မတူ နမ္မတူမြို့နယ်ရှိ တောင်ပေါ်ဘုရား၌ ဝါလကင်းလွတ် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) ညပိုင်းတွင် ရှမ်းတိုင်းရင်းသားရိုးရာ ကိန္နရီကိန္နရာအကနှင့် တိုးနယားအကတို့ဖြင့် မြတ်စွာဘုရားရှင်အား ပူဇော်ကန်တော့ကာ ဆီးမီး၊ ရေချမ်း၊ ပန်း၊ ဆက်ကပ်လှူဒါန်းသူများ၊ ကောင်းမှုကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။ လူမော် (ပြန်/ဆက်)

သူနာပြုသားဖွား ဒီပလိုမာ(၃)နှစ် သင်တန်းဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ ကျင်းပ

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုသင်တန်းကျောင်း၊ တောင်ကြီးမြို့၊ သူနာပြုသားဖွား ဒီပလိုမာ (၃)နှစ် သင်တန်းဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲကို အောက်တိုဘာ (၂၇)ရက် နံနက် (၈)နာရီခွဲက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ပုဗ္ဗသီရိမြို့နယ်၌ စပါးမျိုး ရွေးချယ်ပေးခြင်းအခမ်းအနားတက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဉတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းအုပ်စု၊ ဘဲကုန်း မြောက်ကျေးရွာ ကွင်းအမှတ် (၁၆၂၃က) တွင် တောင်သူများအား စပါးမျိူးရွေးချယ်ပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)