ကျောက်တလုံးကြီးမြို့၊ ပင်တွန်ကျေးရွာတွင် (HPV) သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံပေး
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ အသက် ၉ နှစ်မှ ၁၂ နှစ်အတွင်း ကလေးငယ်များအား (HPV) သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံပေးခြင်းကို ပင်တွန် အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီခွဲက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။