ဆင်ပေါင်ဝဲမြို့နယ်၊ အင်ပင်လှကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ၌ ဝန်ထမ်း အိမ်ရာ ဆောက်လုပ်မှု ရာနှုန်းပြည့်ပြီးစီး

ဆင်ပေါင်ဝဲ  စက်တင်ဘာ ၂၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ပညာရေးကဏ္ဍ အဆင့်မြင့် မားရေးအတွက် အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ အင်ပင်လှကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) ၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း (၄၄၀) ဖြင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်မှု ရာနှုန်းပြည့်ပြီးစီးကြောင်း သိရသည်။

အဆိုပါ အဆောက်အဦမှာ အလျား(၈၀)ပေ၊ အနံ (၃၀) ပေ Steel Structure  တစ်ထပ် အမျိုးအစားဖြစ်ပြီး KTM Group မှ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ တာဝန်ယူ ဆောက်လုပ် ခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အိဖြူဖြူမောင် (ပြန်/ဆက်)