လိုင်လင်းပီမြို့၌ မဲရုံများ မီးဘေးလုံခြုံမှုရှိစေရေး ကွင်းဆင်းစစ်ဆေး
ချင်းပြည်နယ်၊ လိုင်လင်းပီမြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် တည်ငြိမ် အေးချမ်းစွာဆန္ဒမဲ ပေးနိုင်ရန်ရည်ရွယ်၍ မြို့နယ်မြေမီးသတ်စခန်းတာဝန်ခံ လျန်တီလ် ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များမှ မီးဘေးလုံခြုံမှုရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီခွဲ အချိန်ခန့်ကဆောင်ရွက်ခဲ့ကြသည်။