ဖလမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိ
ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး ပြည်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်နိုင်ရေး ဖလမ်းခရိုင် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်၊ ကျေးရွာများအရောက် အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။