မတူပီမြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား စတုတ္ထအကြိမ် ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်
ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့၌ ကိုဗစ်−၁၉ ရောဂါ ဖြစ်ပွားစဉ် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ စားဝတ်နေရေးအဆင်ပြေစေရေးအတွက် နိုင်ငံတော်အစိုးရမှ စတုတ္ထ အကြိမ် မြောက်ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများကို မြို့ပေါ် (၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ယနေ့မှ စတင်၍ အိမ်တိုင်ရာအရောက် လိုက်လံထောက်ပံ့ပေးလျက်ရှိကြောင်းသိရသည်။