ဟားခါးမြို့နယ်အတွင်း ဆောင်းသီးနှံစားတော်ပဲ သိပ္ပံနည်းစနစ်ဖြင့် (၅)ဧကစမ်းသပ်စိုက်ပျိုးရာ အပင်ထွက်ရှိလာမှု အခြေအနေများအား ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု
ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်း စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်းသီးနှံစားတော်ပဲ ဒေသနှင့်ကိုက်ညီမှု ရှိ/မရှိကို အောက်တိုဘာလအတွင်း ဟားခါးမြို့၊ ဟိုက်တလန် စိုက်ပျိုးရေးခြံတွင် သိပ္ပံနည်းစနစ်ဖြင့်(၅)ဧက စမ်းသပ်စိုက်ပျိုးခဲ့ရာ အပင်ထွက်ရှိ လာမှုများအား ယနေ့က ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယပြည်နယ် ဦးစီးမှူး ဦးဆလိုင်းဒယ်နီရယ် ထွန်းတင်နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု ခဲ့ကြကြောင်း သိရသည်။