ကွန်ဟိန်း နိုဝင်ဘာ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ Maternal and Child Cash Transfer Program (MCCT)အရ ODK Collect Application ဖြင့် စာရင်းကောက်ယူပြီး ထောက်ပံ့ရန်ကျန်ရှိခဲ့သည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးများအား ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ထောက်ပံ့ပေးအပ်ရန် ကျန်ရှိခဲ့သည့် ရပ်ကွက်/ကျေးရွာအုပ်စုများ အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် (၄၁)ဦး နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေး (၂၁)ဦး တို့အတွက် စုစုပေါင်းငွေကျပ် (၃၇၈၀၀၀၀/-)အား တာဝန်ရှိသူများမှ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်ခဲ့ကြသည်။
အဆိုပါထောက်ပံ့ငွေများသည် လူမှုဝန်ထမ်းဦးစီးဌာန မှ Maternal and Child Cash Transfer Program (MCCT)အရ ODK Collect Application ဖြင့် စာရင်းကောက်ယူပြီး ထောက်ပံ့ရန် ကျန်ရှိခဲ့သူများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်စာရေးတို့မှ လက်ဝယ်အရောက်သွားရောက်ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မှ သိရသည်။
မြို့နယ်(ပြန်/ဆက်)