ဝေးလံခေါင်ဖျားဒေသသတင်းများ

မောက်မယ်မြို့နယ်၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးအတွက် “လူငယ်စကားဝိုင်း” ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်တွင် လူငယ်များအသိပညာ ပိုမိုတိုးတက်လာစေရန် ၊ ပရိသတ်ရှေ့တွင်ပြောရဲဆိုရဲသည့် သတ္တိများရှိလာစေရန် ၊ စာပေမှရရှိသည့် အသိပညာများဖြင့် ကြုံတွေ့လာနိုင်သည့် အခက်အခဲပြဿနာများကိုရင်ဆိုင်ဖြေရှင်းတတ်စေရန်နှင့် လူငယ်များစာဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး အတွက်“လူငယ်စကားဝိုင်း”ကိုယနေ့နံနက်၉နာရီခွဲက စျေးတန်းရပ်ကွက် အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ) ဘက်စုံသုံးခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။ 

မက်မန်းမြို၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်“အောင်မြင်ရေးသော့ချက်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထူအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာပေဖတ်ရှု သည့် အလေ့အထများရရှိစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် လူနေမှုဘဝတိုးတက်စေရန်နှင့် အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ စာရေးဆရာ ညီညီနိုင်၏ “အောင်မြင်ရေးသော့ချက်” စာအုပ် ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့  မွန်းလွဲပိုင်းအချိန်က ကျင်းပခဲ့သည်။

မက်မန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ဆေးလိပ်၊ဆေးရွက်ကြီးနှင့် ကွမ်းအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်ပြသ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်မက်မြို့နယ် တွင် ကျောင်းသားကျောင်းသူများ ကျန်းမာရေးအသိရရှိစေရန်၊ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့်ကွမ်းစားအန္တရာယ်များအကြောင်း သိရှိစေရန်ရည်ရွယ်၍ မက်မန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ နံနက် ၉ နာရီအချိန်က အသိပညာပေးနံရံကပ်စာစောင်အား သွားရောက်ပြသခဲ့သည်။

မိုင်းယုမြို့၌ စာဖတ်သူများထံ စာအုပ်စာစောင်များ ငှားရမ်းပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် စာပေချစ်မြတ်နိုးသူ စာဖတ်ဝါသနာရှင်များထံ စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက နယ်လှည့်စာကြည့်တိုက် Mobile Libraryဖြင့် ဒေသတွင်းရှိ ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းငှားရမ်းပေးခဲ့သည်။

စုကလိမြို့ရှိ ပြောင်းစိုက်တောင်သူများ စျေးကောင်းရရန်မျှော်လင့်

ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့သည် စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုလုပ်ကြပြီး အစေ့ထုတ်ပြောင်းများအား အဓိကစိုက်ပျိုးပြီး ထိုင်းနိုင်ငံဖြင့် အကျိုးတူဆောင်ရွက်ကြသည်။

ကာလိမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉) နာရီ အချိန်က အခြေခံပညာအထက်တန်းကျောင်းနှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကာလိမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းနှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် လူငယ်များ ဗလ(၅)တန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဘက်စုံထူးချွန်သော လူငယ်များဖြစ်လာစေရန်၊ ကျောင်းနေပျော်၍ စာတော်သောလူငယ်များဖြစ်လာစေရန်နှင့် အချိန်ကို အကျိုးရှိစွာ အသုံးချ တတ်စေ ရန်ရည်ရွယ်၍ “လူငယ်နှင့် အချိန်” ခေါင်းစဉ်ဖြင့် လူငယ်ရေးရာ ဟောပြောပွဲကို မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်း၊ အောင်ရတနာ ခန်းမတွင် ယနေ့ နံနက်(၉)နာရီအချိန်က ဟောပြောပွဲကျင်းပခဲ့သည်။

မိုင်းခုတ်မြို့၌ သီးမွှေးငှက်ပျောပင်များ တစ်ပိုင်တစ်နိုင်စိုက်ပျိုးရောင်းချခြင်းဖြင့် ဒေသခံတောင်သူများ အမြတ်ငွေပိုမိုရရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ဒေသခံတိုင်းရင်းသားပြည်သူများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကိုသာ အဓိကထားလုပ်ကိုင်လျက်ရှိရာ သီးမွှေးငှက်ပျောပင်များကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးရောင်းချခြင်းဖြင့် အခြားသီးနှံများထက် အမြတ်ငွေပိုမိုရရှိကြောင်း သီးမွှေးငှက်ပျော စိုက်ပျိုးရောင်းချသူများထံမှ သိရသည်။

မိုင်းခုတ်မြို့၌ ဌာနဆိုင်ရာရုံးများသို့ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့် စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ