မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် လူငယ်များ အသိဗဟုသုတကြွယ်ဝရေး နံရံကပ်စာစောင်ပြသ
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များ အသိဗဟုသုတတိုးပွားရေး၊ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်လာနိုင်ရေး၊ ဗလ (၅) တန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ရေးရာ နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က ပြသခဲ့သည်။