မိုးညိုမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်) ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်) အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက် မြို့နယ် ဆရာဝန်ကြီး ဒေါက်တာကျော်မိုး၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးမှူးများ၊ ကျန်းမာရေးဆရာ/ ဆရာမ များက ယနေ့နံနက် ၈ နာရီက ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးနှင့် စည်ပင်သာယာ စျေးအတွင်း တို့၌ လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်း၊ အများပြည်သူမြင်နိုင်သော နေရာများတွင် စတေကာများ ကပ်ပေးခြင်းနှင့် ကိုရိုနာ ဗိုင်းရပ်(စ်) ကြိုတင်ကာကွယ်ရေး အသိပညာပေး ပြောကြားခြင်းအား ဆောင်းဘောက်(စ်) ဖွင့်လှစ်ပေးခြင်း များ ဆောင်ရွက်ခဲ့သည်။