တောင်ဥက္ကလာပမြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရန် ပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေ

ရန်ကုန်  မတ်  ၁၉

 

တောင်ဥက္ကလာပမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးအေးမိုး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကိုရိုနာဗိုင်းရပ်စ်ရောဂါ  ကြိုတင်ကာကွယ်ရန် ပညာပေးလက်ကမ်းစာစောင်များကို ယမန်နေ့က တောင်ဥက္ကလာပမြို့နယ် အ.ထ.က (၂) စာစစ်ဌာန၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုပြီး ပြန်လည်ထွက်လာသော ကျောင်းသား ကျောင်းသူများနှင့် စောင့်ဆိုင်းနေကြသော မိဘများ၊ ပြည်သူများ၊ ဆရာ၊ ဆရာမများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နေထက်အောင်