ဝေးလံခေါင်ဖျားဒေသသတင်းများ

ချင်းရွှေဟော်၌ “ပန်းခင်း”စီမံချက်ဖြင့် အိမ်ထောင်စုလူဉီးရေစာရင်း နှင့် ကိုင်ဆောင်သင့်သောကတ်ပြား ထုတ်ပေးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့ဉီးစီးမှူးရုံးမှ “ပန်းခင်း”စီမံချက်ဖြင့် အိမ်ထောင်စုလူဉီးရေစာရင်း နှင့် ကိုင်ဆောင်သင့်သောကတ်ပြား တစ်မျိုးမျိုးထုတ်ပေးရေးလုပ်ငန်းများကို ယမန်နေ့မှစတင်၍ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ချင်းရွှေဟော်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေဆောင်ရွက်

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့အတွင်း သွားလာနေကြသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ချင်းရွှေဟော်မြို့၊ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနရုံးရှေ့၊ မြို့လယ်လမ်းဆုံ၌ ပြုလုပ် ဆောင်ရွက်ခဲ့သည်။

မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား တွန်းဇံမြို့၌ကျင်းပ

၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို အခြေခံပညာ အထက်တန်းကျောင်း ယာယီခန်းမဆောင်၌ ယနေ့ နံနက် ၉ နာရီအချိန်တွင် ကျင်းပသည်။

ချင်းပြည်နယ် ရိခေါ်ဒါရ်မြို့ အခြေခံပညာကျောင်း၌ ကျောင်းအပ်နှံရေး သီတင်းပတ်စတင်

၂၀၂၁-၂၀၂၂ ပညာသင်နှစ်၌ ကျောင်းနေအရွယ် ကလေးငယ်များအားလုံး ပညာသင်ယူခွင့်ရရှိစေရေး အတွက် မေလ(၂၄)ရက်နေ့ မှစတင်၍ ရိခေါ်ဒါရ်မြို့ရှိ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းအပ် လက်ခံခြင်းကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုင်းပျဉ်းမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းအပ်နှံရေး လုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ပညာရေးဝန်ကြီးဌာန ၊ အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံရေးသီတင်းပတ် ပထမနေ့အဖြစ် ယနေ့နံနက်ပိုင်းမှစတင်ကျင်းပရာ ကျောင်းသား/ ကျောင်းသူ များနှင့် မိဘများတပျော်တပါး လာရောက်အပ်နှံကြကြောင်း သိရသည်၊။

ပွင့်ဖြူမြို့နယ်၌ ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရန် ကျောင်းအပ်နှံရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေမှု ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်၊ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့် ရရှိစေရေး အတွက် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး ကျောင်းအပ်နှံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ သွားရောက်ပြီး ကျောင်းသားကျောင်းသူများ ပညာသင်ယူခွင့်ရရှိရေး ကျောင်းအပ်လက်ခံဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ကျောင်းဝန်း နယ်မြေလုံခြုံရေး စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို လိုက်လံ ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။

မန့်ဟီးရိုးမြို့၊ ပြည်သူ့စာကြည့်တိုက်ခန်းမတွင် “ရုံးသုံး မြန်မာစာရေးသားနည်း” စာအုပ်ဖြင့် စာအုပ်မိတ်ဆက်ခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ယနေ့နံနက်ပိုင်းက ပြည်သူများအား အသိပညာတိုးပွားလာစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန် ရည်ရွယ်၍ Online မှတစ်ဆင့် စာအုပ်မိတ်ဆက်ခြင်းကို ဆောင်ရွက်ခဲ့သည်။

မန့်ဟီးရိုးမြို့ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင် ယနေ့ နံနက် ၉ နာရီအချိန်မှစတင်၍ ကျောင်းအပ်နှံမှုကို လက်ခံဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

နာဂဒေသ လဟယ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်စတင်လက်ခံ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့‌ ‌ပေါ် ရပ်ကွက်ကျောင်းများရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်း တက်ရောက်ကြမည့် ကျောင်းသားကျောင်းသူများကို ယနေ့နံနက်(၉) နာရီ မှ စတင်၍ ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရပါသည်။

နာဂဒေသ လဟယ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်စတင်လက်ခံ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့‌ ‌ပေါ် ရပ်ကွက်ကျောင်းများရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်း တက်ရောက်ကြမည့် ကျောင်းသားကျောင်းသူများကို ယနေ့နံနက်(၉) နာရီ မှ စတင်၍ ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရပါသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ