ဝေးလံခေါင်ဖျားဒေသသတင်းများ

မိုင်းယောင်း၌ မိုးသည်းထန်သဖြင့် တံတားမြေကျွံမှုဖြစ်ပွား

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် ဇွန်လ ၈ ရက် နံနက် ၁ နာရီခွဲမှ စတင်ကာ နံနက် ၄ နာရီ ၄၅ မိနစ်အထိ မိုးသည်းထန်ခဲ့သောကြောင့် ဝမ်တပ်ကျေးရွာအုပ်စု ဝမ်လဲကျေးရွာ၏ အရှည် ၂၅ ပေ၊ အကျယ် ၁၅ ပေရှိ ရွာလယ်ကွန်ကရစ်တံတား မြေကျွံကျမှုဖြစ်ပွားခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ရောဂါ သံသယဖြစ်သူများအား ဒုတိယနေ့မြောက် ရောဂါ စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူ ၁၄ ဦးရှိ

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကျန်းမာရေးဌာနနှင့် ရပ်ကွက်လူငယ်အဖွဲ့အစည်းများ၊ Volunteer အဖွဲ့များ ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ရောဂါ သံသယဖြစ်သူများအား RDT (Test Kit)ဖြင့် ဒုတိယနေ့ စစ်ဆေးမှုကို ဇွန် ၈ ရက်၌ ပြုလုပ်ခဲ့ရာ ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ ၁၄ ဦးရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။

တာလေတွင် တညင်းသီးများကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလေ့ရှိကြရာ ယခုတညင်သီးပေါ်ချိန်တွင် မိသားစု အပိုဝင်ငွေရ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ တာလေ‌မြို့ဒေသခံပြည်သူများ နှစ်စဉ် ပုံမှန်ဝင်ငွေရရှိလျက်ရှိသည့် ဒေသထွက်ရာသီပေါ် တညင်းသီးများကို မြို့ပေါ်နှင့် ကျေးလက်နေ တိုင်းရင်းသားများအချို့မှ နေအိမ်ခြံဝင်းများနှင့် ဥယာဉ်ခြံမြေများတွင်တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြပြီး ယခုအချိန်တွင် တညင်းသီးများ လှိုင်လှိုင်ပေါ်နေလျက်ရှိရာ ဈေးကောင်းရောင်းချရ၍ မိသားစုအပိုဝင်ငွေ ရရှိလျက်ရှိသည်။

တာလေမြို့၌ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးခြင်း၊ ပိုလီယိုကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်

တာလေမြို့၌ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်း၊ ပိုလီယိုကာကွယ်ဆေးထိုးခြင်း၊ အစက်ချဆေးတိုက်ကျွေးခြင်းများနှင့် ပေါင်ချိန်ခြင်းများကို ယနေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာလေမြို့ ၊ နားယောင်းကျေးရွာအုပ်စု အတွင်းရှိ နားအွန်ကျေးလက်ကျန်းမာရေးဌာနခွဲ၌ ဆောင်ရွက်ခဲ့သည်။

မိုင်းပန်မြို့တွင် အခြေခံပညာစာသင်ကျောင်းများ စတင်ဖွင့်လှစ်သင်ကြား

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ယနေ့ ဇွန်လ (၁) ရက်နေ့မှစတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းအသီးသီး၌ ကျောင်းများစတင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

Mask တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပထွက်ခွာသူများအား ဒဏ်ရိုက်စနစ်ဖြင့်အရေးယူ

ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၁ ခုနှစ် ယနေ့နံနက် ၈ နာရီအချိန် ဗိုလ်ချုပ်လမ်းဆုံ၌ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက Mask တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပထွက်ခွာသူများအား ဒဏ်ရိုက်စနစ်ဖြင့် အရေးယူမှုများကို ဆောင်ရွက်ခဲ့ကြသည်။

မန့်ဟီးရိုးမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ရှိ အခြေခံပညာကျောင်းများကို ကိုဗစ် -၁၉ ရောဂါကြောင့် ယာယီပိတ်ထားခဲ့ရာမှ ယနေ့နံနက်(၈) နာရီအချိန်တွင် အခြေခံပညာအထက် တန်းကျောင်းကို စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်လုံးဆိုင်ရာ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူ​ဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူ​ဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲအခမ်းအနားကို ​ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်က ​ ​ထေရဝါဒ ဗုဒ္ဓသာသနာပြု(ဗဟို)​ကျောင်း ရှိ မင်္ဂလာသီရီ​ကျောင်း​ဆောင်၌ ကျင်းပပြုလုပ်သည်။

တွန်းဇံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး Mask Campaign ပြုလုပ်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့ရှိပြည်သူများ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လှုပ်ရှားမှုအဖြစ် ယနေ့ နံနက် ၈ နာရီ အချိန်မှစ၍ Mask Campaign ပြုလုပ်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ