ခေါင်လန်ဖူး၌ ကျေးရွာတိုင်း ယင်လုံအိမ်သာသုံးစွဲနိုင်ရေးအတွက် ယင်လုံအိမ်သာခွက်များ အခမဲ့ ဖြန့်ဝေပေး
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် ကျေးရွာတိုင်းယင်လုံအိမ်သာသုံးစွဲနိုင်ရေးအတွက် ကောင်လိုလပ်အုပ်စုတွင် ယမန်နေ့ နံနက်ပိုင်းတွင် မြို့နယ်ပြည့်သူ့ကျန်းမာရေး ဦးစီးဌာနမှ ယင်လုံအိမ်သာခွက်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။