မယ်စဲ့မြို့နယ်တွင် COVID-19 ရောဂါကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာများကို အသံချဲ့စက်ဖြင့် လိုက်လံ နှိုးဆော်

မယ်စဲ့  ဩဂုတ် ၂၀

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာ ပြည်သူများ သိရှိလိုက်နာနိုင်ရေးအတွက် မြို့နယ်ဘေးန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အငယ်တန်းစာရေး ဦးမျိုးမင်းသန့်နှင့် ဦးအာင်ဇော်ဦးတို့က ယနေ့နံနက်က မြောက်ပိုင်းရပ်ကွက်၊ တောင်ပိုင်းရပ်ကွက်၊ ပန်တိန်းကျေးရွာနှင့် ဟိုစဲ့ ကျေးရွာတို့တွင် အသံချဲ့စက်ဖြင့် လိုက်လံ အသိပေးနှိုးဆော်ခဲ့သည်။

ထိုသို့ အသိပေးနှိုးဆော်ရာတွင် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေး အများပြည်သူ သိရှိလိုက်နာရမည့် အချက် များ၊ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း အစရှိသည့် မိုးရာသီကာလတွင် ဖြစ်ပွား နိုင်သည့် ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်တို့ကို အသိပေးဆော်ဩခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)