ဝေးလံခေါင်ဖျားဒေသသတင်းများ

သံလွင်မြစ်​ရေမြှင့်တက်လာမှုအ​​ခြေအ​နေအားတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုပြီး ယာယီ​ရွှေ့​ပြောင်း​​နေရာချထား ခြင်းများ​ဆောင်ရွက်

ကယားပြည်နယ်၊​ဘောလခဲခရိုင်၊ဖား​ဆောင်းမြို့နယ်အတွင်းတွင် သံလွင်မြစ်​ရေမြှင့် တက်လာမှုအ​ခြေအ​နေကို မြို့နယ်သဘာဝ​ဘေးအန္တရာယ် စီမံခန့်ခွဲမှု​ ကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦး​အောင်မြတ်မိုးနှင့် ​ကော်မတီဝင်များက ယ​နေ့​နေ့လည် (၁၁)နာရီ အချိန်က သံလွင်မြစ်​ကြောင်း တစ်​လျှောက် ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

ဆောမြို့ မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်ထုတ်ပေးရာ၌ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ပင်စင်စားများအား နေ့ရက်အလိုက် ထုတ်ပေး

ဂန့်ဂေါခရိုင်၊ဆောမြို့ မြန်မာ့စီးပွားရေးဘဏ်မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပင်စင်စားများအတွက် ပင်စင်များကို ယမန်နေ့ နံနက် ၇ နာရီခွဲမှစ၍ လူစုလူဝေး မဖြစ်ပေါ်စေရေး ပင်စင်စားများအား နေ့ရက်များအလိုက် ထုတ်ပေးလျက်ရှိသည်။

မိုင်းပျဉ်းမြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိရေး ဆောင်ရွက်ပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲ ပေးနိုင်ရေး ကွင်းဆင်းပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိရေးအတွက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဉီးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းဖေ ဦးဆောင်၍ ဝန်ထမ်းများက မြို့နယ်ရုံးနှင့် ကျေးရွာအုပ်စုများအရောက် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်။

မယ်စဲ့မြို့နယ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအား တာဝန်ရှိသူများကြည့်ရှုစစ်ဆေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် (ပြည်ထောင်စု/ပြည်နယ်) ရန်ပုံငွေများဖြင့် ဆောင်ရွက်နေသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို သြဂုတ်၂၁ရက်က ခရိုင်တည်ဆောက်ရေးနှင့် အရည်အသွေးစစ်ဆေးရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်နှင့့်် ကော်မတီဝင်များ၊ မြို့နယ်အုပ်ချုပ်ရေး မှူး ဦးလှမျိုးထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

မဲလောခီးကျေးရွာအုပ်စုတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ မဲလောခီးကျေးရွာအုပ်စုတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားအိမ်ထောင်စုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နေစဉ် ကာလအတွင်း နိုင်ငံတော်အစိုးရမှ အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့က ဝါးမီးကလားကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များအား လေလံတင် ရောင်းချ

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အအရေးလုပ်ငန်းလိုင်စင်များအား လေလံတင် ရောင်းချခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဖလမ်းမြို့နယ် သမဝါယမအသင်းစု လီမိတက်ခန်းမ၌ ပြုလုပ်သည်။

တန့်ယန်းမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် လူရည်ချွန်မောင်မယ်(သုံး)ဦးအား ကြိုဆိုဂုဏ်ပြု

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အကယ်ဒမီ ကိုယ်ပိုင် အထက်တန်းဆင့်ကျောင်းမှ အဋ္ဌမတန်း လူရည်ချွန်၊ နဝမတန်း လူရည်ချွန်နှင့် ဒသမတန်း လူရည်ချွန်(နှစ်ထပ်ကွမ်း)မောင်/မယ် သုံးဦးအား ကြိုဆို ဂုဏ်ပြုပွဲကို သြဂုတ်လ ၂၁ ရက်နေ့ ညနေ ၃ နာရီခွဲ အချိန်က မြို့ဝင်မုခ်ဦးမှ ကျောင်းအထိ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တီ မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းမကြီး ပြတ်တောက်

ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ်၊ ကန်ပိုက်တီမြို့နယ်တွင် သြဂုတ် (၁၃) ရက် ၊ (၁၈) ရက်၊ (၁၉) ရက် နေ့များတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ကန်ပိုက်တီမြို့နယ်၊ ဝေါ့ချုံး ကျေးရွာအုပ်စု၊ ဒေသအခေါ် (အထက်ဘာတွန်) ကျေးရွာအနီးကီလိုမီတာ (၁၀၄/၁၀၅)ကြားကားလမ်း ဘယ်ဘက်ခြမ်း ပဲ့ကျခြင်း၊ ဝေါ့ချုံးကျေးရွာအုပ်စု၊ ဝေမိုးကျေးရွာအထွက် အောက်ဘာတွန် ကီလိုမီတာ (၁၀၃/၁၀၄) ကြား၊ တံတားညီနောင်နေရာ ကီလိုမီတာ(၉၀/၉၁)ကြား၊ မြေပြိုကျခြင်းများ ဖြစ်ပွားခဲ့သည်။

မိုင်းယောင်း၌ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းအတွင်း မျိုးကွဲများ နုတ်ပယ်

ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်(CERP)ဖြင့် ဆောင်ရွက်သော ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း တွင် စုပေါင်း မျိုးကွဲပယ်ခြင်းကို ဩဂုတ် ၂၂ ရက်က ကျင်းပရာ မျိုးစေ့ထုတ်အကျိုးဆောင်တောင်သူများ တက်ရောက်လေ့လာကြကာ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများနှင့်အတူ မျိုးကွဲနုတ်ပယ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ