ဖလမ်းမြို့နယ်၊ ခေါ်ပွာလ်ကျေးရွာ၌ အရန်မီးသတ်တပ်ဖွဲ့ အကြို သင်တန်းဖွင့်လှစ်
ဖလမ်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဖလမ်းမြို့နယ်၊ ခေါ်ပွာလ်ကျေးရွာ၌ ဖွင့်လှစ်သည့် အရန်မီးသတ် တပ်ဖွဲ့အကြို သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါကျေးရွာ နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်း ခန်းမ၌ပြုလုပ်သည်။