ထန်ပါခွေ ဩဂုတ် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော Box Culvert (၂၄'×၆'×၃')တစ်စင်း တည်ဆောက်ပြီးစီး သွားပြီဖြစ်ကြောင်းသိရသည်။
အဆိုပါ Box Culvert (၂၄'×၆'×၃') အား ထန်ပါခွေမြို့တွင်းလမ်းပေါ် ရဲစခန်းအနီးတွင် စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ခွင့်ပြုရန်ပုံငွေ (၈) သန်းဖြင့် ၂၀၂၀-ပြည့်နှစ်၊ ဩဂုတ်လ (၅)ရက်နေ့တွင် စတင် ဆောက်လုပ်ခြင်းဖြစ်ကာ သြဂုတ်လ ၁၃ ရက်နေ့တွင် တည်ဆောက် ပြီးစီးသွားပြီဖြစ်ကြောင်း ထန်ပါခွေမြို့ စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
အဆိုပါ နေရာတွင် တည်ဆောက်ထားသော Box Culvert သည် ၂၀၁၄-ခုနှစ်တွင် ပျက်စီး သွား၍ မိုးတွင်း ကာလတွင် ယာဉ်များသွားရေးလာရေးခက်ခဲသောကြောင့် ယခု အသစ်ပြန်လည်တည်ဆောက်ခြင်းဖြစ်ကြောင်း ထန်ပါခွေမြို့ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံ ဦးပိုင်စိုးကြူး၏ ပြောပြချက်အရ သိရသည်။
ဟန်ထွန်း(အင်းဝ)