ပလက်ဝမြို့နယ်အတွင်းတာဝန်ကျ ဌာနဆိုင်ရာဝန်ထမ်းများအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် အလှူရှင်များမှထောက်ပံ့ပေးအပ်သည့် စက်ဘီး အစီး(၆၀) ပေးအပ်
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း တာဝန်ကျ ဌာနဆိုင်ရာဝန်ထမ်းများအတွက် ချင်းပြည်နယ် အစိုးရအဖွဲ့နှင့် အလှူရှင်များမှထောက်ပံ့ပေးအပ်သည့် စက်ဘီးအစီး(၆၀) အား ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကီမိုခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာ အသီးသီးသို့ ဖြန့်ဝေပေးခဲ့သည်။