ကာမိုင်းမြို့၌ Facility Quarantine Centre များနှင့် IDPS စခန်းများအား သတ်မှတ်ထားသော ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားရှိခြင်း ရှိ/မရှိ လိုက်လံစစ်ဆေးဆောင်ရွက်

ကာမိုင်း စက်တင်ဘာ ၂၁

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် Facility Quarantine Centre များနှင့် IDPS စခန်းများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားရှိခြင်း ရှိ/မရှိ လိုက်လံစစ်ဆေး ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လိုက်လံစစ်ဆေးဆောင်ရွက်ရာတွင် မြေပြင်ကွင်းဆင်း စစ်ဆေးကြီးကြပ်ရေးအနေဖြင့် အဖွဲ့များခွဲ၍ Facility Quarantine Centre များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ/မရှိ လိုက်လံ စစ်ဆေးခြင်း၊ နန့်စီးအင်ကျေးရွာအုပ်စု၊ ထွယ်ဆန်ယန်ကျေးရွာအတွင်းရှိ လိုင်နှောင်းစစ်ရှောင် စခန်းနှင့် RC ဓမ္မာရုံစစ်ရှောင်စခန်းများတွင် IDPS စခန်းများအနေဖြင့် လိုက်နာရမည့် ကျန်းမာရေး စံသတ်မှတ်ချက် Standard Operating Procedure(SOP)အတိုင်း စနစ်တကျလိုက်နာနေထိုင်မှု ရှိ/မရှိ စစ်ဆေး ဆောင်ရွက်ခြင်းများကို ကာမိုင်းမြို့အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်/ ကျေးရွာ အုပ်စုများတွင် အဖွဲ့သုံးဖွဲ့ဖြင့်လည်းကောင်း၊ လီဒိုလမ်းမကြီးပေါ်ရှိ ကျေးရွာအုပ်စုများတွင် အဖွဲ့နှစ်ဖွဲ့ဖြင့် လည်းကောင်း စုစုပေါင်းအဖွဲ့ငါးဖွဲ့ဖြင့် လိုက်လံအသိပညာပေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)