ဆွမ်ပရာဘွမ်မြို့နယ်၌ မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ စစ်ဆေး
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ မဲရုံလုံခြုံရေးတာဝန် ထမ်းဆောင်မည့် အထူးရဲများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ / မရှိ RDT Test Kit ဖြင့် စစ်ဆေးပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန်တွင် မြို့နယ်ဘန်ရူခန်းမ၌ စစ်ဆေးခဲ့ကြောင်း သိရသည်။