တီးတိန် အောက်တိုဘာ ၁၉
ချင်းပြည်နယ်၊ တီးတိန်မြို့၌ မြို့နယ်အဆင့်သားအိမ်ခေါင်းကင်ဆာကာကွယ် ဆေးအကြောင်းအသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးလှစိုးက အမှာစကားပြောကြားပြီး မြို့နယ်ဆေးရုံအုပ် ဒေါက်တာဇော်မြင့်နိုင်က သားအိမ်ခေါင်း ကင်ဆာနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များအကြောင်း ဆွေးနွေးသည်။
ဆွေးနွေးပွဲတွင် ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ် ချုပ်ရေးမှူးများနှင့် လူမှူရေးအဖွဲ့များ တက်ရောက်ကြပြီး သိရှိလိုသည့်ကြောင်းအရာများ မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ သားအိမ်ခေါင်းကင်ဆာအများစုသည် ပထမအဆင့် ကာကွယ်ခြင်းဖြစ်သည့် အိတ်ချ်ပီဗီ ကာကွယ်ဆေးထိုးခြင်းနှင့် ဒုတိယအဆင့် ကာကွယ်ခြင်းဖြစ်သည့် သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် စစ်ဆေးခြင်းနှင့် တတိယအဆင့် ကာကွယ်ခြင်းဖြစ်သည့် လိုအပ်သောကုသမှုတို့ကို တစ်ပြိုင်နက် လုပ်ဆောင်ခြင်းတို့ဖြင့် ထိရောက်စွာ ကာကွယ်နိုင် ကြောင်းသိရသည်။
ဒိုင်းဒိမ့်(ပြန်/ဆက်)