မိတ္ထီလာမြို့၌ Placement Test စာမေးပွဲဖြေဆိုသည့် ကျောင်းသူ၊ ကျောင်းသားများအား ကြည့်ရှုအားပေး
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသော ကျောင်းသူ၊ ကျောင်းသားများအတွက် Placement Test စာမေးပွဲကို ဇွန်လ ၁၅ ရက်နေ့က အ.ထ.က(၁)တွင် စတင်ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။