အမြို့မြို့အနယ်နယ်သတင်းများ

မိုးကောင်းမြို့ အ.ထ.က-နောင်ကိုင်တော်၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကွင်းဆင်းဆောင်ရွက်

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဦးစီးမှူးရုံးက နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ခြင်းကို အ.ထ.က-နောင်ကိုင်တော်၌ ဇွန်(၁၆)ရက် နံနက်ပိုင်းတွင် ကွင်းဆင်းဆောင် ရွက်သည်။

ကျောက်မဲမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ မွေးမြူရေးပညာရပ်ဆိုင်ရာ သိကောင်းစရာများနှင့် အလုပ်အကိုင်အခွင့်အလမ်းများ အသိပညာပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းနှင့် တွဲဖက်ဖွင့်လှစ်ထားသည့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းများတွင် တက်ရောက်မည့် မွေးမြူရေးကျောင်းသား၊ ကျောင်းသူများပေါ်ထွက်လာစေရန်နှင့် ပညာရပ်ဆိုင်ရာ စိတ်ဝင်စားမှု မြင့်မားလာစေရန်ရည်ရွယ်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ဇွန် ၁၆ ရက်က အခြေခံပညာကျောင်းများသို့ ကွင်းဆင်းကာ အသိပညာပေးဟောပြောမှုများ ဆောင်ရွက်ခဲ့ကြသည်။

ထန်းတပင်မြို့နယ်၌ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဉ်းရောဂါဝေဒနာရှင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏အစီအစဥ်ဖြင့် မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဉ်း ရောဂါဝေဒ နာရှင်များအတွက် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းတွင် မြို့နယ်ပြည်သူ့ဆေးရုံ၊ ရိပ်သာဆောင်ခန်းမ၌ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

ပင်လောင်းမြို့နယ်၌ စိုက်ပျိုးရေးဆိုင်ရာနည်းပညာပေး သင်တန်းဖွင့်ပွဲအခမ်းအနားပြုလုပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC တို့ပူးပေါင်းဖွင့်လှစ်သော စိုက်ပျိုးရေးဆိုင်ရာနည်းပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ပင်းတယမြို့နယ်၌ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဉီးစီးဌာနနှင့်အတူ မြို့နယ်တိုင်းရင်းဆေးကုသရေးဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းကပန်းအိုးကွဲ ကျေးရွာသို့ ကျန်းမာရေးကွင်းဆင်းစောင့်ရှောက်ပေးသည်။

အုတ်ဖိုမြို့နယ်၌ အထူးကုဆရာဝန်ကြီးများမှအခမဲ့ ကျန်းမာရေးစစ်ဆေးမှုများ ကွင်းဆင်းဆောင်ရွက်

ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာန၏ ပြည်သူ့အတွက်ရက် (၁၀၀)အစီစဉ်အရ ပဲခူးတိုင်ဒေသကြီး၊ သာယာဝတီခရိုင် ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများပါဝင်သော ဆေးကုသမှုအဖွဲ့သည့် အုတ်ဖိုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ဇွန် ၁၆ ရက်က မြို့နယ်ပြည်သူ့ဆေးရုံ၌ ကျန်းမာရေးဆေးစစ်ဆေးမှုများ ဆောင်ရွက်ပေးသည်။

ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဝင် ဒေါ်ဒွဲဘူ မြစ်ကြီးနားမြို့၌ ဧဝံဂေလိကျမ်းစာသင်ကျောင်း၌ ငြိမ်းချမ်းရေးအတွက် အထူးဆုတောင်းဝတ်ပြု 

ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်း၊ စီးပွားရေး နှင့် ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင်၊ လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ တိုင်းရင်းသားရေးရာဝန်ကြီးများနှင့်အတူ ဇွန် ၁၆ရက်က မြစ်ကြီးနား တပ်ကုန်းရပ်ကွက်အတွင်းရှိ ဧဝံဂေလိကျမ်းစာသင်ကျောင်း၌ ခရစ်ယာန်အသင်းတော်များနှင့် တွေ့ဆုံမိသဟာယဖွဲ့ခြင်းနှင့် ငြိမ်းချမ်းရေးအတွက် အထူးဆုတောင်း ဝတ်ပြုခြင်းအစီအစဉ်သို့ တက်ရောက်ခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် လက်မှတ်ရ စီးပွားရေးစာရင်းကိုင်ပညာ သင်တန်းဖွင့်ပွဲတက်ရောက်

ဧရာဝတီတိုင်းဒေကြီး၊ ပုသိမ်မြို့ သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်း(ပုသိမ်)တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် လက်မှတ်ရစီးပွားရေးစာရင်းကိုင်ပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇွန် ၁၆ ရက်က ကျင်းပသည်။

တတိယအကြိမ်ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (နဝမနေ့)ကျင်းပ

တတိယအကြိမ်ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(နဝမနေ့)ကို ဇွန် ၁၆ ရက်က တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမတွင် ကျင်းပရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၁၁)ဦး၏ ကြယ်ပွင့်ပြမေးခွန်း(၁၁)ခုကို သက်ဆိုင်ရာ တိုင်း‌ဒေသကြီးဝန်ကြီးများက ပြန်လည်ဖြေကြားသည်။

အိမ်မဲမြို့တွင် ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု စာရေးဝန်ထမ်းများ လုပ်ငန်းခွင်မွမ်းမံသင်တန်းဖွင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု စာရေးဝန်ထမ်းများ လုပ်ငန်းခွင်မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇွန်လ (၁၅) ရက်နေ့က ကျင်းပခဲ့သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ