အမြို့မြို့အနယ်နယ်သတင်းများ

ဘားအံမြို့နယ်၊ကော့ထော်ကျေးရွာ၌ စက်ချုပ်နည်းပညာသင်တန်း(ပထမအကြိမ်) ဖွင့်လှစ်

ဒေသခံပြည်သူများ၏အသက်မွေးဝမ်းကျောင်းအခွင့်အလမ်းများ တိုးတက်စေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်နှင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများထူထောင်နိုင်ရန် ကရင်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်း(ဘားအံ)မှ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် စက်ချုပ်နည်းပညာသင်တန်း(ပထမအကြိမ်)ဖွင့်ပွဲကို ဇွန် ၁၆ ရက် နံနက် ၈ နာရီက ဘားအံမြို့နယ်၊ ကော့ထော်ကျေးရွာ၊ ကော့ထော်ကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပသည်။

မြောက်ဥက္ကလာပမြို့နယ်၌ အခြေခံပညာ‌ကျောင်းများတွင် ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင် မြောက်ဥက္ကလာပမြို့နယ်၌  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  အခြေခံပညာကျောင်းများရှိ မူလတန်းအရွယ်ကျောင်းသား၊ ကျောင်းသူများတွင် သွားနှင့်ခံတွင်းရောဂါများကင်းဝေးစေရေး၊  မျက်စိကျန်းမာရေးနှင့် ကျန်းမာရေးအသိပညာပေးခြင်းကို ယနေ့ နံနက်ပိုင်းက    ကွင်းဆင်းဆောင်ရွက်သည်။

မြို့သစ်မြို့နယ်တွင် ကျောင်းပြင်ပရောက်ရှိနေသော ကျောင်းသားကျောင်းသူများအတွက် အထူးစာမေးပွဲများ ဆက်လက်ဖြေဆို

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင်  ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစတင်၍ အကြောင်း အမျိုးမျိုးကြောင့်ပညာသင်ကြားနိုင်ခြင်းမရှိဘဲ ကျောင်းပြင်ပရောက်ရှိနေသော  အခြေခံပညာအဆင့် Grade -1  မှ   Grade -8  အထိကျောင်းသားကျောင်းသူများအတွက် Placement Test  (အထူးအစီအစဉ်) စာမေးပွဲများဖြေဆိုခြင်းကို    ဇွန် ၁၅ ရက်ကစတင်၍    အမှတ်(၁)  အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ကျောင်းသားကျောင်းသူများဝင်ရောက်ဖြေဆို လျက်ရှိရာ ယနေ့တွင် တတိယမြောက်နေ့အဖြစ် ဆက်လက်ဖြေဆိုလျက်ရှိကြောင်းသိရသည်။

သရက်မြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ သရက်မြို့နယ်ဦးစီးမှူးရုံးမှ လမင်းစီမံချက်ဖြင့် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက် ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။

ကိုကိုးကျွန်းမြို့နယ်တွင် စွန့်ပစ်အမှိုက် ခွဲခြားစွန့်ပစ်နည်းအကြောင်း အသိပညာပေးဟောပြော

ရန်ကုန်တိုင်းဒေသကြီး သန်လျှင်ခရိုင် ကိုကိုးကျွန်းမြို့နယ်တွင် ပတ်ဝန်းကျင်သန့်ရှင်းစေရန်နှင့် အမှိုက်များစနစ်တကျ စွန့်ပစ်စေရန်အတွက် စွန့်ပစ်အမှိုက် စနစ်တကျခွဲခြားစွန့်ပစ်နည်းအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဉီးစီးဌာနတို့ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပသည်။

ဗဟိုအမျိုးသမီးဆေးရုံကြီး(မန္တလေး)၌ မန္တလေးတိုင်းဒေသကြီးအဆင့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် သွေးလှူဒါန်း

၂၀၂၆ ခုနှစ် ဇူလိုင် ၃ ရက်တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီးအဆင့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် သွေးလှူဒါန်းပွဲကို ချမ်းအေးသာစံမြို့နယ် ဗဟိုအမျိုးသမီးဆေးရုံကြီး(မန္တလေး)၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။

ကျောက်တလုံးကြီးမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြော

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ဇွန် ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ကျောက်တလုံးကြီးအခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယနေ့နံနက် ၉ နာရီက  ကျင်းပသည်။

နတ်မောက်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့  အထိမ်းအမှတ် မြို့နယ်အဆင့် ပန်းချီပြိုင်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့်ပန်းချီပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ပြုလုပ်သည်။

ကလေးဝမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်  Placement Test (အထူးအစီအစဉ်) စာမေးပွဲ ဆက်လက်ဖြေဆို

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်  Placement Test (အထူးအစီအစဉ်) စာမေးပွဲသင်္ချာဘာသာရပ်အား ယနေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂) အခြေခံပညာမူလတန်းလွန်ကျောင်းတို့တွင် ဆက်လက်ဖြေဆိုသည်။

နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ပန်းချီပြိုင်ပွဲကျင်းပ

၂၀၂၆ခုနှစ် ဇွန်လ ၂၆ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်းရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ပန်းချီပြိုင်ပွဲကို နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူထုအခြေပြု ဗဟိုဌာန (Community Center)ခန်းမတွင် ဇွန် ၁၅ ရက် နံနက် ၁၀ နာရီက ကျင်းပသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ