အမြို့မြို့အနယ်နယ်သတင်းများ

အခွန်ဆိုင်ရာ အသိပညာပေးတိုးတက်ရေးနှင့် အခွန်တာဝန်လေးစားလိုက်နာမှု တိုးတက်ရေး လူထုလှုပ်ရှားမှုအစီအစဉ် Tax Campaign အသိပညာပေး ရှင်းလင်းပွဲဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပြည်နယ်အခွန်များဦးစီးဌာန၏ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၈) ရက်စွဲပါ ရုံးတွင်းအမိန့်စာအမှတ် ၄၈၆/၂၀၂၆ အရဖွဲ့စည်းထားသည့် Tax Campaign လုပ်ငန်းစီမံချက် ကြီးကြပ်ရေး ကော်မတီ၏ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် အခွန်ပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်သွားရမှာဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ ရှမ်း၊ မွန်၊ ပဲခူး၊ ဧရာဝတီနှင့် ပြည်ထောင်စုနယ်မြေစသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး (၇) ခုတို့တွင် တစ်ကြိမ်တည်း တစ်ပြိုင်တည်း ကျင်းပပြုလုပ်သွားရမည်ဖြစ်သည့်အတွက် မွန်ပြည်နယ်အတွင်း Tax Campaign လုပ်ငန်းအား အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၁၅ ရက်နေ့ ညနေပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အတ္ထရံခန်းမ၌ ကျင်းပပြုလုပ်သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဇော်နိုင်ဦး မုန်တိုင်းဘေးအန္တရာယ်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်မှု ကြည့်ရှုအားပေး

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် တိုင်းဒေသကြီးအတွင်း သဘာဝဘေး အန္တရာယ်များ ဖြစ်ပွားလာပါက အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် မုန်တိုင်းဘေးအန္တရာယ် သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲကထားဝယ်မြို့ ထားဝယ်ပညာရေးဒီဂရီကောလိပ်၌ ကျင်းပသည်။

ထားဝယ်မြို့၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးခြင်းနှင့် Unique ID နံပတ်ထုတ်ပေး

နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးခြင်းနှင့် Unique ID နံပတ်ထုတ်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ထားဝယ်မြို့နယ်ဦးစီးမှူးရုံးက ယမန်နေ့နံနက်ပိုင်းတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ပေးသည်။

ချင်းပြည်နယ် ဒေါက်တာချမ်းငြိမ်းမောင် အ.ထ.က(၁)ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား သွေးအမျိုးအစားစစ်ဆေးပေးခြင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များအား သွေးလွန်တုပ်ကွေးရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းဆောင်ရွက်

ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး ဒေါက်တာချမ်းငြိမ်းမောင်၏ ဦးဆောင်မှုဖြင့် ဟားခါးပြည်သူ့ဆေးရုံကြီး(ခုတင် ၃၀၀)မှ ဟားခါးမြို့ပေါ်ရှိ အသက်(၁၀)နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDကတ်များ ပြုလုပ်နိုင်ရေး အတွက် သွေးအမျိုးအစားစစ်ဆေးပေးခြင်းကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဗိုလ်တိုက်ချွန်းခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(နဝမနေ့) ဆက်လက်ကျင်းပ

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(နဝမနေ့)ကို ဇွန်လ ၁၆ ရက်နေ့နံနက် ၁၀ နာရီအချိန်က မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ၌ အစီအစဉ် (၇) ရပ်ဖြင့် ကျင်းပသည်။

ရန်ကင်းပညာရေးဒီဂရီကောလိပ်၌ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တအရှင်ဆေကိန္ဒတရားပွဲကျင်းပ

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ရန်ကင်းပညာရေးဒီဂရီကောလိပ် မြတ်ပညာခန်းမ၌ ဇွန် ၁၆ ရက် ညနေပိုင်းက ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တအရှင်ဆေကိန္ဒ တရားပွဲကျင်းပသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်း၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးပြည်သူ့စကားဝိုင်းပြုလုပ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်းကျင်းပသော ဒေသဖွံ့ဖြိုးတိုးတက်ရေး ပြည်သူ့စကားဝိုင်းအခမ်းအနားကို မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အမှတ်(၂၁)အခြေခံပညာအထက်တန်းကျောင်း၊ ဌေးသန်းမြင့်ခန်းမ၌ ဇွန်လ ၁၄ ရက်နံနက်ကိုးနာရီက ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းက အမှာစကားပြောကြားပြီး တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုး စကားဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

မုံရွာမြို့၌ အခြေခံတိုင်းရင်းဆေးပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့်စစ်ကိုင်းတိုင်းဒေသကြီးတိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံတိုင်းရင်းဆေးပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားကိုဇွန် ၁၇ ရက် နံနက် ၉ နာရီက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)တွင် ကျင်းပသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း ပုဗ္ဗသီရိမြို့နယ်၌ (Placement Test) ဖြေဆိုနေမှု ကြည့်ရှုအားပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပညာရေးနှင့် အလှမ်းဝေးကွာခဲ့ရသည့် ကျောင်းပြင်ပရောက်ကလေးများ (မူလတန်းဆင့်နှင့် အလယ်တန်းဆင့်) ကျောင်းသို့ပြန်လည်ရောက်ရှိ‌စေရေး အရည်အချင်းစစ်ဆေးခြင်း (Placement Test) အထူးအစီအစဉ်ကို ဇွန် ၁၅ ရက်နေ့က သတ်မှတ်ထားသည့် အခြေခံပညာ ကျောင်းစာစစ်ဌာနများ၌ အေးချမ်းစွာစတင်ဖြေဆိုလျက်ရှိရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ၏ အင်္ဂလိပ်စာ ဖြေဆိုနေမှုများကို ကြည့်ရှု အားပေးခဲ့သည်။

ကယားပြည်နယ်ဝန်ကြီးချုပ် World MSME Day အခမ်းအနားတွင် ဒေသထွက်ကုန် ပစ္စည်းများအဆင့်မီစွာ ပါဝင်ပြသရောင်းချနိုင်ရေး  လုပ်ငန်းညှိနှိုင်း 

ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ရုံးအဆင့်ဆင့်ရှိ အခြေခံဝန်ထမ်းများအား အခြေခံစားသောက်ကုန် ဆန်၊ ဆီပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်က လွိုင်ကော်မြို့ မြို့နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်နှင့် တာဝန်ရှိသူများ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများတက်ရောက်ခဲ့ကြသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ